Whale Shark Jack (2026) 12 နှစ်အရွယ် ကလေးမလေး Sarah က The Playground ဆိုတဲ့ သုတေသနစက်လှေမှာ ပျော်ရွှင်တဲ့ဘဝလေးကို ပိုင်ဆိုင်ထားပါတယ်။ သူ့မိဘတွေဖြစ်တဲ့ Marcus နဲ့ Nita တို့က ဝေလငါးမန်းတွေကို ကာကွယ်တဲ့ သိပ္ပံပညာရှင်တွေပါ။ တစ်နေ့မှာ Sarah လေးက ဒဏ်ရာရနေတဲ့ ဝေလငါးမန်းလေးတစ်ကောင်ကို ကယ်ပြီးတော့ Jack လို့ အမည်ပေးကာ ပင်လယ်ထဲကို ပြန်လွှတ်ပေးလိုက်ပါတယ်။ နှစ်တွေကြာလာပြီးနောက်မှာတော့ Jack က သူ့ရဲ့အရင်အမာရွတ်နဲ့အတူ ကြီးထွားလာတဲ့ ဝေလငါးမန်းအဖြစ်နဲ့ ပြန်လာပြီးတော့ Sarah နဲ့ နက်ရှိင်းတဲ့ ခင်မင်ရင်းနှီးမှုကို မျှဝေကြပါတယ်။ ဒါပေမဲ့ တစ်ညမှာ မုန်တိုင်းထန်ပြီးတော့ Marcus ရေနစ်သေဆုံးသွားကာ Sarah တို့ရဲ့ ပျော်ရွှင်စရာဘဝကြီး အဆုံးသတ်သွားပါတော့တယ်။ Nita က စိတ်ဓာတ်အလွန်ကျပြီး ရေနဲ့နီးတဲ့နေရာမှာ မနေနိုင်တော့ဘဲ ကုန်းပေါ်ကမြို့တစ်မြို့ကို ရွှေ့ပြောင်းသွားပါတယ်။ Sarah ကတော့ ကုန်းပေါ်မှာနေရတာကို မုန်းပြီးတော့ ကျောင်းအသစ်မှာ ကလေးတွေကလည်း သူ့ကိုအနိုင်ကျင့်ကြတာမို့ Jack ကို ရှာနိုင်ရင် သူ့အမေ စိတ်သက်သာရာရပြီးတော့ လှေပေါ်ကို ပြန်လာလိမ့်မယ်လို့ ယုံကြည်ခဲ့ပါတယ်။ ဒါကြောင့်လည်း Sarah တစ်ယောက် Jack ကို ရှာဖို့ကြိုးစားရင်း Jack ရဲ့ ခြေရာခံအချက်ပြမှု ပျောက်ဆုံးသွားတာကို သိလိုက်ရချိန်မှာတော့ Jack အန္တရာယ်ကျနေကြောင်းသိသွားကာ ကယ်တင်ဖို့မစ်ရှင်စတင်ရင်း ဘာတွေကြုံလာရမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ File size… (1.8 GB) / (1 GB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Family Duration…. 01:25:00 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်