Frank Miller နဲ့ David Mazzucchelli တို့ ဖန်တီးခဲ့တဲ့ ဂန္တဝင် Comic ကြီးကို အသက်သွင်းထားတာဆိုတော့ Bat-Fan တွေအတွက်ကတော့ ရင်ခုန်စရာ အကောင်းဆုံးနဲ့ အကြိုက်တွေ့စေမယ့် ဇာတ်ကားကောင်း တစ်ကားပါပဲ။ ဒီကားက Bruce Wayne တစ်ယောက် ကမ္ဘာပတ်ပြီး ပညာတွေသင်ယူရာကနေ ၁၂ နှစ်အကြာမှာ Gotham မြို့ကို ပြန်ရောက်လာတဲ့ အချိန်နဲ့၊ ရိုးသားတဲ့ ရဲအရာရှိ Jim Gordon တစ်ယောက် အဂတိလိုက်စားမှုတွေ ပြည့်နှက်နေတဲ့ Gotham မြို့ရဲတပ်ဖွဲ့ (GCPD) ကို ပြောင်းရွှေ့လာတဲ့ အချိန်ကို ပြိုင်တူပြသထားတာပါ။ Bruce က လင်းနို့လူသား (Batman) အဖြစ် ခံယူပြီး ပြစ်မှုကျူးလွန်သူတွေကို နှိမ်နင်းဖို့ ကြိုးစားသလို၊ Gordon ကလည်း ဥပဒေဘောင်ထဲကနေ အကျင့်ပျက် ရဲတွေနဲ့ မာဖီယာတွေကို ရှင်းလင်းဖို့ ကြိုးစားပုံတွေကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ရိုက်ကူးထားပါတယ်။ ဒီကားရဲ့ အမိုက်ဆုံးအချက်က Comic ထဲက အကွက်တွေ (Panels) ကို Screen ပေါ်မှာ 1:1 နီးပါး အတိအကျ ပုံဖော်ထားတာပါပဲ။ Frank Miller ရဲ့ Dark & Gritty ဖြစ်တဲ့ အငွေ့အသက်နဲ့ မူရင်း Comic ရဲ့ Art Style ကို အပြည့်အဝ ခံစားရပါတယ်။ ခေါင်းစဉ်ကသာ Batman လို့ ပါပေမယ့်၊ တကယ်တမ်း ဇာတ်လမ်းရဲ့ တစ်ဝက်လောက်က Jim Gordon ရဲ့ ရုန်းကန်မှုတွေပါ။ အကျင့်ပျက်ခြစားနေတဲ့ ရဲတွေကြားမှာ မှန်ကန်တဲ့ ရဲတစ်ယောက်အဖြစ် ရပ်တည်ရတဲ့ Gordon ရဲ့ Character Arc က တကယ့်ကို Masterclass ပါပဲ။ Action အခန်းတွေက အရမ်းမကြမ်းပေမယ့် လက်တွေ့ကျကျ (Grounded) ဖြစ်တယ်။ ဂြိုဟ်သားတွေ၊ စူပါပါဝါတွေ မပါဘဲ Gotham မြို့ကြီးရဲ့ အမှောင်ထု၊ မိုးရွာနေတဲ့ လမ်းမတွေ၊ လူဆိုးဂိုဏ်းတွေရဲ့ လွှမ်းမိုးမှုတွေကို Noir ဆန်ဆန် အမိုက်စား တင်ဆက်ထားပါတယ်။ Jim Gordon နေရာမှာ အသံသရုပ်ဆောင်ပေးထားတဲ့ Bryan Cranston (Breaking Bad က Walter White လေ) ရဲ့ Voice Acting က လုံးဝ Perfect ပါပဲ။ Gordon ရဲ့ ပင်ပန်းနွမ်းနယ်မှု၊ ဒေါသနဲ့ ပြတ်သားမှုကို အသံမှာတင် အပြည့်အဝ ကြားနေရပါတယ်။ Batman: Year One ဟာ Batman ရဲ့ အစပိုင်း သမိုင်းကြောင်း (Origin Story) တွေကို သိချင်တဲ့သူတိုင်း မဖြစ်မနေ ကြည့်သင့်တဲ့ ကားပါ။ Superpower တွေ အများကြီးပါတဲ့ Action ကားမျိုးမဟုတ်ဘဲ၊ Crime Thriller/Noir ဆန်ဆန် ခံစားကြည့်ရှုရမယ့် လက်ရာမြောက် Animation ကောင်း တစ်ကားဖြစ်ပါတယ်။ File size… 800 MB / 400 MB Quality… Blu - Ray 1080p/ 720p Format… mp4 Duration…. 1h 14m Genre ..... Animation, Adventure, Action , Noir Subtitle…. Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်