Lazarus 2025 LAZARUS ဟာ စာရေးဆရာ Harlan Coben နဲ့ Danny Brocklehurst တို့ဖန်တီးထားတဲ့ စိတ်ပိုင်းဆိုင်ရာ နက်နဲမှုတွေကို အခြေခံရေးသားထားတဲ့ နာမည်တူဝတ္ထုကို ပြန်ရိုက်ထားတဲ့ စိတ်လှုပ်ရှားဖွယ် လျှို့ဝှက်သည်းဖိုမှုခင်းစီးရီး ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ စိတ်ဝေဒနာကုထုံးဆရာဝန်တစ်ယောက်ဖြစ်တဲ့ ဂျိုရယ်လာဇရုဟာ ဖခင်ဖြစ်သူ ဒေါက်တာ လာဇရု သေကြောင်းကြံစည်ပြီး ဆုံးသွားတာကြောင့် မိသားစုအိမ်ကိုပြန်လောက်လာရင်း မူမမှန်တာတွေကို သတိထားမိတာနဲ့ အစပြုထားပါတယ်။ ဂျိုရယ်ဟာ လွန်ခဲ့တဲ့ ၂၅ နှစ်က အမှုမှန် မပေါ် ခဲ့တဲ့ အစ်မဖြစ်သူ အသတ်ခံရမှုနဲ့ပတ်သက်ပြီး စိတ်ဖိစီးနေတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ညတိုင်းလိုလို သူ့အဖေရဲ့ လူနာရှင်ဟောင်းတွေရဲ့ ဝိညာဥ်တွေ သူ့ကို လာလာစကားပြောတာ ကြုံနေရပါတယ်။ သူ့အဖေသေဆုံးမှုအကြောင်းစုံစမ်းနေတုန်း ဂျိုရယ် ဟာ မိသားစုအတွင်း လျှို့ဝှက်ချက်တွေ၊ အကြမ်းဖက်မှုနောက်ကအမှန်တရားတွေ၊ နှစ်ပေါင်းများစွာ လျှို့ဝှက်ထားတဲ့ အမှုအခင်းတွေကို တွေ့ရှိလာပြီး လွန်ခဲ့တဲ့အတိတ်ကသေဆုံးမှုတွေနဲ့ သူ့အဖေသေဆုံးမှုတွေက ဆက်စပ်နေတာကို သိလာပါတယ်။ ဂျိုရယ်တစ်ယောက် ဒီဆက်စပ်မှုတွေကို ဖောထုတ်ပြီး အဖြစ်မှန်ကို သိနိုင်ပါ့ မလား။ ဇာတ်လမ်းတစ်လျှောက်လုံးမှာ စိတ်ဖိစီးမှု၊ အပြစ်စိတ်၊ မိသားစုမှာရှိတဲ့ လျှို့ဝှက်ချက်တွေ၊ အတိတ်နဲ့ပတ်သက်တဲ့ စိတ်ဒဏ်ရာတွေကို စုံစမ်းလေ့လာသည့်ပုံစံနဲ့ ရိုက်ကူးထားပါတယ်။ Me Before You, Love,Rosie နဲ့ Hunger Games တို့လို့ နာမည်ကြီးရုပ်ရှင်တွေမှာ ပါဝင်ထားတဲ့ မင်းသားချော Sam Claflin က ဂျိုရယ်လာဇရု အဖြစ် ၊ ဂန္တဝင်မင်းသားကြီးBill Nighy က ဖခင်ဖြစ်သူ ဒေါက်တာလာဇရုအဖြစ် အသီးသီး ပါဝင်ထားကြပါတယ်။ File Size – 600 MB / 300 MB (Appx;)@Episode Quality – 1080p / 720p WEB DL Duration –35minute (@Episode) Total Episodes:6Eps Subtitle – Myanmar Hardsub Format – Mp4 Genre : Mystery
ဇာတ်ကားကြည့်ရန်