Sherlock Holmes (2009) (Only on Bioscope) IMDB : 7.5 Rotten Tomatoes : 7.2 Genre : Action / Thriller / Mystery Sherlock Holmes ကတော့ နာမည်ကြီး ဒါရိုက်တာ Guy Ritchie ရိုက်ကူးထားတဲ့ လူကြိုက်များခဲ့တဲ့ Detective ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ ဒါတင်မကသေးပဲ RDJ နဲ့ Jude Law တို့က အတွဲညီညီသရုပ်ဆောင်ထားတာမလို့ တော်တော်လေးကိုကြည့်လို့ကောင်းပါတယ်။ ဒါတင်မကသေးပဲ နောက်ခံ Score က ဆရာ့ဆရာကြီး Hans Zimmer လက်ရာဆိုတော့ ကိုယ်တိုင် ၁၈၉၀ ခုနှစ်ကိုရောက်သွားသလိုမျိုး ခံစားရမှာဖြစ်ပါတယ်။ Sherlock Holmes (2009) နဲ့ RDJ Golden Globe (Best Actor) ရခဲ့ပြီး Original Score နဲ့ Original Art Director (Academy) ဆု ဇကာတင်ခဲ့တာဆိုတော့ပြောရရင် ထိပ်တန်းအဆင့် ရုပ်ရှင်တစ်ခုလည်းဖြစ်ပါတယ်။ ဇာတ်ညွှန်း လန်ဒန်မြို့ကြီးမှာ မိန်းကလေးငယ်တွေကို ဖမ်းဆီးသ-တ်ဖြတ်ကာ ယဇ်ပူဇော်နေတဲ့ လော့ဒ်ဘလက်ဝုဒ်ကို ရှားလော့နဲ့ သူ့ရဲ့ လက်တွဲဖော် စစ်ပြန်ဒေါက်တာကြီး ဝပ်ဆန်တို့က အချိန်မှီဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဘလက်ဝုဒ်ကို ကြိုးမိန့်ပေးခဲ့ပေမဲ့ ဘလက်ဝုဒ်က နောက်ထပ် အသ-တ်ခံရမယ့်လူတွေရှိလာဦးမယ်ဆိုပြီး ရှားလော့ကို သတိပေးခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ ဘလက်ဝုဒ်ကသေရွာကနေ ပြန်ရှင်လာပြီး လန်ဒန်တမြို့လုံး အုန်းအုန်းကျွတ်ကျွတ်ဖြစ်သွားခဲ့ပါတယ်။ နာမည်ကျော် ရှားလော့ဆိုတာ မမြင်ရတဲ့ အမှောင်မှော်ပညာအောက်မှာ ကျရှုံးသွားပြီလား။ သို့လောသို့လော မေးခွန်းတွေက လန်ဒန်တမြို့လုံး ပျံ့နှံ့လာခဲ့ပါတယ်။ ဒါပေမဲ့ ယုတ္တိဗေဒသမား စစ်စစ်ဖြစ်ပြီး သိပ္ပံကလွဲ ကျန်တာကို သိပ်အယုံမကြည်မရှိတဲ့ ရှားလော့ကတော့ ခေါင်းအေးအေးနဲ့ အမှုကို သုံးသပ်ခဲ့ပါတယ်။ ဒီလိုနဲ့ လျှို့ဝှက်ဆန်းကျယ်တဲ့ ဒီအမှုကို သူ့ရဲ့လက်တွဲဖော်ကြီး ဒေါက်တာ ဝပ်ဆန်နဲ့ ဘယ်လိုမျိုးဖော်ထုတ်သွားမလဲဆိုတာကို ခံစားကြည့်လိုက်ကြပါခင်ဗျာ။ ရှာလော့အဖြစ် မင်းသား RDJ ဒေါက်တာဝပ်ဆန်အဖြစ် မင်းသား Jude Law အိုင်ရင်းအဖြစ် မင်းသမီး Rachel McAdams ဘလက်ဝုဒ်အဖြစ် မင်းသား Mark Strong တို့က ပါဝင်သရုပ်ဆောင်ထားပြီး Guy Ritchie က ပုံဖော်ထားကာ နောက်ခံကို Hans Zimmer က တီးခတ်ထားတာမလို့ ဘာပြောကောင်းမလဲ။ ခံစားသာကြည့်လိုက်ကြပါ။ File size… 9 GB / 3.8 GB / 1.2 GB Quality… Blu-ray 4K/ 1080p / 720p Format… mp4 Duration…. 2h 08m Genre ..... Mystery / Action / Thriller Subtitle…. Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်