KA (2025) "ကံ" IMDb - 7.0/10 ၂၀၂၄ခုနှစ်က ထွက်ရှိထားပြီး ဝင်ငွေအရရော ပရိသတ်အားပေးမှုအရရော အောင်မြင်ခဲ့တဲ့ တေလဂူးရုံတင်ကားဟောင်းကို တင်ဆက်ပေးလိုက်ပါတယ်။ တေလဂူးမင်းသား ကီရန်ရဲ့ ဝင်ငွေအများဆုံးနဲ့ အအောင်မြင်ခဲ့ဆုံး ရုပ်ရှင်ဆိုလည်း ဟုတ်ပါတယ်။ သူများစာတွေကို မဖတ်ဘဲမနေနိုင်အောင် ခိုးဖတ်တတ်တဲ့အကျင့်နဲ့ စာပို့သမားလေး ဗာဆူဒေ့ဗ်။ ခိုးဖတ်တတ်ရုံတင်မဟုတ် စာတွေကို ပြင်ရေးတာမျိုး ကူညီရေးပေးတာမျိုးလည်း လုပ်တတ်ပါသေးတယ်။ တနေ့တော့ ဗာဆူဒေ့ဗ်တယောက် ထူးခြားဆန်းပြားတဲ့ စစ်ကြောရေးအခန်းထဲမှာ ဘာကိုမှ မမှတ်မိ မစဉ်းစားနိုင်တဲ့ အခြေအနေတခုနဲ့ ရောက်နေခဲ့ပါတယ်။ စစ်မေးနေရင်းကနေ ဗာဆူဒေ့ဗ် ဖြစ်ပျက်ခဲ့တာတွေကို တစတစနဲ့ သတိရလာတဲ့အခါ။ တဖက်အခန်းမှာ သူလိုပဲ အဖမ်းခံထားရတဲ့ ရာဒါဆိုတဲ့ ကျောင်းဆရာမတယောက်နဲ့ပါ ဆက်သွယ်ပြောဆိုမိသွားချိန်။ ဗာဆူဒေ့ဗ် ပြောင်းရွှေ့လုပ်ကိုင်ခဲ့တဲ့ ရွာတစ်ရွာက အမျိုးသမီးငယ်တွေ ဆန်းဆန်းပြားပြား ပျောက်ဆုံးသွားတဲ့ကိစ္စတွေကို မေးမြန်းစစ်ဆေးရင်း ပေါ်ပေါက်လာတဲ့အခါမှာတော့...။ File size… 1.74 GB / 1 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 29m Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်