Hearts Around the Table: Shari's Second Act (2025) IMDb Rating (6.0) စိတ်ကူးယဉ်အချစ်ကမ္ဘာထဲကို အေးအေးလူလူ စီးမျောချင်သူတွေအတွက် ရည်ရွယ်ထားတဲ့ Romance / Drama အမျိုးအစား ရုပ်ရှင်ကားလေးတစ်ကားပါ။ အထူးသဖြင့် ဘဝသစ်ကို ပြန်လည်စတင်ခြင်းနဲ့ အချစ်သစ်ကို ရှာဖွေခြင်းအကြောင်းကို ရိုးရိုးလေးနဲ့ တင်ဆက်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင် Shari (Mishael Morgan) ဟာ သူမရဲ့ ချစ်သူနဲ့ လမ်းခွဲပြတ်စဲပြီးနောက်မှာ ဝါရှင်တန်ဒီစီမြို့ကို ပြန်လည်ပြောင်းရွှေ့လာခဲ့ပါတယ်။ သူမဟာ ငယ်စဉ်က ဝါသနာပါခဲ့တဲ့ ပန်းချီဆွဲခြင်းအလုပ်ကို ပြန်လည်စတင်ပြီး ဘဝကို အသစ်ကနေ ပြန်လည်တည်ဆောက်ဖို့ မျှော်လင့်နေသူပါ။ တစ်နေ့မှာတော့ သူမရဲ့ အိမ်က ပစ္စည်းတွေကို လာရောက်ပြုပြင်ပေးတဲ့ အိမ်ပြုပြင်ရေးသမား (Repairman) Evan (Brendan Morgan) နဲ့ ဆုံတွေ့ခဲ့ပါတယ်။ အစပိုင်းမှာတော့ သာမန်အိမ်ပြင်သမားလို့ပဲ ထင်ခဲ့ပေမဲ့ တကယ်တမ်းမှာတော့ Evan ဟာ ပန်းချီပြခန်း (Gallery) ပိုင်ရှင်တစ်ယောက် ဖြစ်နေတာကို သိလိုက်ရတဲ့အခါမှာတော့... Shari ရဲ့ ပန်းချီပညာအပေါ် ထားရှိတဲ့ စိတ်ကူးအိပ်မက်တွေနဲ့ သူတို့နှစ်ယောက်ကြားက သံယောဇဉ်တွေက ဘယ်လိုမျိုး ရှေ့ဆက်သွားမလဲဆိုတာကို ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပါ။ File size… (1.3 GB) / (730 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Romance Duration…. 01:24:26 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်