"ဂျက်ဖ်"ဟာ ဘန်ကောက်မြို့မှာ နေထိုင်တဲ့ သစ္စာရှိပြီး သဘောထားကြီးတဲ့ လူမိုက်တစ်ယောက် ဖြစ်ပါတယ်။ တစ်နေ့မှာ သူ့ရဲ့သူငယ်ချင်း "ဆမ်"က လူမိုက်ဂိုဏ်းခေါင်းဆောင်ဆီမှာ အကြွေးတင်ပြီး အသက်အန္တရာယ် ကြုံတွေ့လာရပါတယ်။ သူငယ်ချင်းဖြစ်သူကို ကယ်တင်ဖို့အတွက် "ဂျက်ဖ်"ဟာ ဆမ်ရဲ့ဆွေမျိုးတော်စပ်သူ လူမိုက်ခေါင်းဆောင် "ဂျပ်ချ်" နဲ့ ပူးပေါင်းပြီး လက်နက်မှောင်ခိုကားတစ်စီးကို ဓားပြတိုက်ဖို့ သဘောတူလိုက်ရပါတယ်။ ဒါပေမဲ့ ဓားပြတိုက်မှု အောင်မြင်သွားတဲ့အခါမှာတော့ "ဂျပ်ချ်"ဟာ ရန်သူတွေနဲ့ လျှို့ဝှက်ပူးပေါင်းပြီး "ဂျက်ဖ်"ကို သစ္စာဖောက်ကာ လုပ်ကြံပါတော့တယ်။ ဒီလုပ်ကြံမှုမှာ ဂျက်ဖ်ရဲ့သူငယ်ချင်း ဆမ်ကိုယ်တိုင်လည်း အသက်ဘေးကလွတ်ဖို့အတွက် ရန်သူဘက်ကနေ ပါဝင်ပတ်သက်ခဲ့ပါတယ်။ ဒီလုပ်ကြံမှုကြောင့် ဂျက်ဖ်တစ်ယောက် ဒဏ်ရာရရှိခဲ့ပြီး သူ့ရဲ့ညာဘက်လက်ချောင်းတွေ ဆုံးရှုံးသွားခဲ့ရသလို အားလုံးကလည်း သူ့ကို သေပြီလို ထင်မှတ်ခဲ့ကြတာပါ။ တကယ်တမ်းကျ ဂျက်ဖ်က မသေဘဲ အသက်ဘေးကနေ သီသီလေး လွတ်မြောက်သွားခဲ့ပြီး တောရွာတစ်ခုမှာ ဒဏ်ရာတွေကို ကုသရင်း ပုန်းအောင်းနေခဲ့ပါတယ်။ အချိန်ကြာလာတဲ့အခါမှာတော့ ဒဏ်ရာတွေပျောက်ကင်းပြီး သေနတ်ပစ်ပညာကို လက်ဝဲလက်နဲ့ပါ ကျွမ်းကျင်အောင် ပြန်လည်လေ့ကျင့်ထားတဲ့ ဂျက်ဖ်တစ်ယောက် ဘန်ကောက်မြို့ကို တစ်ကျော့ပြန် ရောက်ရှိလာပါတော့တယ်။ သူ့ကို သစ္စာဖောက်ခဲ့တဲ့ လူမိုက်ခေါင်းဆောင်ဂျပ်ချ်ကို ကလဲ့စားချေဖို့နဲ့ သစ္စာဖောက်သူငယ်ချင်း ဆမ်ကို အပြစ်ပေးဖို့အတွက် ပြင်းထန်တဲ့ ကလဲ့စားချေမှု အက်ရှင်ပွဲကြမ်းကြီး စတင်ပါတော့တယ်။ အားလုံးက သေပြီလို့ ထင်နေချိန်မှာ လက်စားချေဖို့ သေမင်းတံခါးဝကနေ ပြန်လှည့်လာတဲ့ ဂျက်ဖ်ရဲ့ သွေးအေးအေးနဲ့ အမုန်းတရားတွေက ဘယ်လောက်ထိ ကြောက်ဖိုကောင်းမလဲဆိုတာ....
ဇာတ်ကားကြည့်ရန်