လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ လောက်က အဒ်ဘန်ဒန်ဆိုတဲ့ မိစ္ဆာဟာ လူ့လောကကို အမှောင်ဖုံးလွှမ်းစေဖို့ ရောက်လာခဲ့ပါတယ်။ သူ့ကို တားဆီးဖို့ ငါးပြည်ထောင်မဟာမိတ်တွေ၊ နဂါးတွေနဲ့ နဂါးစစ်သည်တော်တွေ စုစည်းတိုက်ခိုက်ခဲ့ကြပေမယ့် အဒ်ဘန်ဒန်နဲ့ သူ့စစ်တပ်ကို မယှဉ်နိုင်ခဲ့ဘူး။ နဂါးတွေ သေဆုံးခဲ့ရပြီး နဂါးစစ်သည်တော်အဖွဲ့လည်း ပြိုကွဲသွားကာ တိုင်းပြည်အားလုံး သူ့ကို သစ္စာခံလိုက်ရပါတယ်။ ဘရေဒန်ကတော့ အဲဒီပြိုကွဲသွားတဲ့ နဂါးစစ်သည်တော်အဖွဲ့ရဲ့ နောက်ဆုံးကျန်ရစ်သူပါ။ ဖခင်ရဲ့စိတ်ဓာတ်ကို ဆက်ခံထားတဲ့သူဟာ အဒ်ဘန်ဒန်ကို ချေမှုန်းဖို့ ကြိုးစားနေတုန်းပဲ။ သူ့အကြံက နှစ်ပေါင်း ၂၀၀ ကတည်းက ပျောက်ဆုံးနေတဲ့ နဂါးတွေကို ရှာပြီး သူတို့ရဲ့အကူအညီနဲ့ အဒ်ဘန်ဒန်ကို အနိုင်ယူဖို့ပါ။ နဂါးတွေကို လိုက်ရှာတဲ့ခရီးမှာ မိတ်ဆွေသစ်တွေ ရလာပြီး အတူတူ စွန့်စားကြရတယ်။ သူတို့ နဂါးကို ရှာတွေ့နိုင်ပါ့မလား၊ အဒ်ဘန်ဒန်တို့ကိုရော အနိုင်ယူနိုင်ပါ့မလား။
ဇာတ်ကားကြည့်ရန်