Mr. K (2025) ဟိုတယ်ကြီးတစ်ခုထဲမှာတည်းနေရင်းကနေ အခန်းတွေကတဖြည်းဖြည်းကျဉ်းလာတာကနေ မမြင်နိုင်တဲ့ လောကတွေဆီကိုခေါ်သွားမယ့်Psychological Thriller ကားကောင်းတစ်ကားပါ Alice in Wonderland ထဲံက ဝါရင့်အမေရိကန်မင်းသားကြီး Crispin Glover က မစ္စတာကေအဖြစ်ပါဝင်ထားပါတယ် ဇာတ်လမ်းကတော့ ခရီးသွားဂီတပညာရှင်တစ်ဦးဖြစ်တဲ့ မစ္စတာကေ (Mr. K) ဟာ လူသူဝေးလံပြီး ဆန်းပြားလှတဲ့ ဟိုတယ်ဟောင်းကြီးတစ်ခုမှာ တစ်ညတာ တည်းခိုဖို့ ရောက်ရှိလာခဲ့ရာကနေ စတင်ထားပါတယ်။ သူဟာ ဟိုတယ်မှာ တစ်ညအိပ်စက်ပြီးနောက်... မနက်ခင်းမှာ အပြင်ပြန်ထွက်ဖို့ ကြိုးစားတဲ့အခါမှာတော့ ဟိုတယ်ရဲ့ တံခါးမကြီးတွေ၊ ပြတင်းပေါက်တွေဟာ ဘယ်လိုမှ ဖွင့်လို့မရတော့ဘဲ... လမ်းမတွေဆီ ပြန်ထွက်မယ့် ထွက်ပေါက်မှန်သမျှဟာ လျှို့ဝှက်စွာ ပျောက်နေခဲ့ပါတယ် ။ မစ္စတာကေဟာ အပြင်ထွက်ဖို့ နည်းလမ်းရှာရင်း ဟိုတယ်ရဲ့ ရှုပ်ထွေးလှတဲ့လမ်းမြှောင်တွေ၊ အခန်းကျဉ်းတွေကြားထဲမှာ ပိတ်မိလာပြီး...အိပ်မက်ဆိုးကြီးတစ်ခု ထဲကို ရောက်ရှိသွားပါတော့တယ်။ ပိုပြီးထူးဆန်းတာကတော့... ဟိုတယ်ထဲက အခြားသော ဧည့်သည်တွေနဲ့ ဝန်ထမ်းတွေဟာလည်း ဒီအခြေအနေကို သာမန်လိုပဲ သဘောထားနေကြပြီး ပုံမှန်လူမှုအဖွဲ့အစည်းငယ်တစ်ခုလို နေထိုင်နေကြတာ ဖြစ်ပါတယ်။ မစ္စတာကေတစ်ယောက် အချိန်တွေကုန်ဆုံးလာတာနဲ့အမျှ စိတ္တဆန်ဆန်ထူးဆန်းတဲ့ အဖြစ်အပျက်တွေကြားထဲကနေ ဟိုတယ်ကနေဘယ်လိုမျိုး ရုန်းထွက်မလဲဆိုတာကို ရိုက်ပြထားပါတယ်။
ဇာတ်ကားကြည့်ရန်