ဇာတ်ကား / 2010Sacrifice2010 ခုနှစ်က ထွက်ရှိထားတဲ့ နန်းတွင်းအရှုပ်တော်ပုံ ရုပ်ရှင်ကြီးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ တရုတ်သမိုင်းမှာ
နာမည်ကြီးဝတ္ထုကို အခြေခံပြီးရိုက်ကူးထားတာ ဖြစ်ပြီး နာမည်ကြီးသရုပ်ဆောင်တွေက အားဖြည့်ထားတာဖြစ်တဲ့အတွက်
ကြည့်ရှုလိုက်ဖို့ တိုက်တွန်းလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့-
ချွင်းချိုးခေတ်မှာ ကျင့်လင်ဘုရင်ဟာ အာဏာရှိအမတ် ထူအန်းကူအာဏာရနေတာကို မနှစ်မြို့တဲ့အပြင် အမတ်ချုပ်
ကျောက်ရှော့ရဲ့ စိတ်ထင်တိုင်းပြုမူပုံကိုလည်း မုန်းတီးခဲ့ပါတယ်။ ကျောက်ရှော့ရဲ့သား ကျောက်စွမ်းဟာ စစ်ပွဲမှာ ထူးချွန်တဲ့
စွမ်းဆောင်ရည်တွေ ရရှိခဲ့တဲ့အပြင် ဇနီးဖြစ်သူ ကျွမ်းကျီးဟာလည်း ကိုယ်ဝန်လွယ်ထားရတဲ့အတွက် ပျော်ရွှင်မှုများ ရရှိနေခဲ့ပါတယ်
ထူအန်းကူဟာ အဲဒါကို ခြိမ်းခြောက်မှုကြီးအဖြစ် သတ်မှတ်ပြီး နန်းတော်ထဲမှာ အဆိပ်ခတ်ဖို့ ကြံစည်ပြီး
လင်မင်းကြီးရဲ့အမိန့်ကို အသုံးချကာ ကျောက်မျိုးနွယ်ကို မျိုးတုံးသတ်ဖြတ်ခဲ့ပါတယ်
ကျွမ်းကျီးဟာ သမားတော် ချန်ယင်းမှ သွေးခုန်နှုန်းစမ်းသပ်နေစဉ် ခင်ပွန်းဖြစ်သူ ကျောက်စွမ်း သေဆုံးသွားတာကို
မျက်မြင်တွေ့ခဲ့ရပြီး ဝမ်းနည်းပူဆွေးမှုများကြားမှာ ကလေးကို မွေးဖွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ထူအန်းကျားရဲ့
လက်အောက်ငယ်သား ဟန်ကျွယ်ဟာ မျိုးတုန်းသတ်ဖို့ ရောက်ရှိလာခဲ့ပါတယ်။ အရေးပေါ်အခြေအနေမှာ ကျွမ်းကျီးဟာ
ကလေးငယ်ကို ချန်ယင်းလက်ထဲ အပ်နှံပြီး ကုန်းစွန်းချူကျို့ဆီ ပေးပို့စေပြီးနောက် ဓားနဲ့ မိမိကိုယ်ကို အဆုံးစီရင်ခဲ့ပါတယ်
အဲဒီနောက် ဟန်ကျွယ်ကို ထူအန်းကူက ဓားနဲ့ ခုတ်ခဲ့ပြီး ထူအန်းကူက မြို့ကိုပိတ်ဆို့ပြီး တစ်အိမ်တက်ဆင်း ကလေးငယ်များကို ရှာဖွေဖို့ အမိန့်ပေးခဲ့ပါတယ်
အရေးတကြီးအခြေအနေမှာ ချန်ယင်းရဲ့ဇနီးဟာ ကျောက်မျိုးနွယ်မိဘမဲ့ကလေးကို အပ်နှံလိုက်ပါတယ်။ ချန်ယင်းဟာ
ကျောက်မျိုးနွယ် မိဘမဲ့ကလေးကို ကယ်တင်ဖို့သွားပြီး ချန်ယင်းဇနီးဟာ ကုန်းစွန်းချူကျို့ထံ သွားတွေ့ပါတယ်
မြို့ပိတ်ထားတဲ့အတွက် ချန်ယင်းဇနီးနဲ့ ကလေးဟာ လျှို့ဝှက်နံရံထဲမှာ ပုန်းအောင်းနေခဲ့ရပါတယ်။
ထူအန်းကူဟာ ကလေးငယ်ရဲ့ တည်နေရာကို ချန်ယင်းဆီက ဖွင့်ဟဝန်ခံလာစေဖို့ ညှဉ်းပန်းနှိပ်စက်ခဲ့ပြီး ကုန်းစွန်းချူကျို့နဲ့
ချန်ယင်းဇနီးနဲ့ကလေးကို တစ်ဆက်တည်း သတ်ဖြတ်ခဲ့ပါတယ်။ ချန်ယင်းဟာ ဝမ်းနည်းပူဆွေးမှုကို မြိုသိပ်ပြီး
ကျောက်မျိုးနွယ် မိဘမဲ့ကလေးကို တစ်ဦးတည်း ပြုစုပျိုးထောင်ခဲ့ပါတယ်။
ဟန်ကျွယ်ဟာ ဆေးကုသမှုခံယူချိန်မှာ အမှန်တရားကို သိရှိသွားပြီး ချန်ယင်းနဲ့ သေအတူရှင်မကွဲ မဟာမိတ်ဖွဲ့ခဲ့ပါတယ်။
ချန်ယင်းဟာ ကျောက်မျိုးနွယ် မိဘမဲ့ကလေးကို ခေါ်ဆောင်ကာ ထူအန်းကူရဲ့ လက်အောက်ကို ဝင်ရောက်ခဲ့ပြီး ထူအန်းကူကို
ကျောက်မျိုးနွယ် မိဘမဲ့ကလေးကို မွေးစားသားအဖြစ် လက်ခံစေခဲပါတယ်
အဲဒီအချိန်ကစပြီး ၁၅ နှစ်ကြာလက်စားချေခြင်း အစီအစဉ်ကြီး စတင်ခဲ့ပါတော့တယ်
Filesize : 3.06 GB / 1.45 GB
Quality : WEB-DL 1080p HEVC , 720p HEVC
Format : mp4
Genres : History, Drama, Action, and Thriller
Runtime : 2h 8 min
Subtitle : Myanmar Subtitle ( Hardsub )
ဇာတ်ကားကြည့်ရန်