The Strangers: Chapter 3 (2026) ++++++++++++ ဒီကားက ဒါရိုက်တာ Renny Harlin ရိုက်ကူးထားတဲ့ The Strangers သုံးကားတွဲ (Trilogy) ရဲ့ နောက်ဆုံးအပိတ်ကားဖြစ်ပြီး ၂၀၂၆ ဖေဖော်ဝါရီမှာ ထွက်ထားတာပါ။ ဇာတ်လမ်းက အပိုင်း (၂) ရဲ့ ဇာတ်သိမ်းကနေ ချက်ချင်း ဆက်ထားတာပါ။ ဇာတ်လမ်းအကျဉ်း ++++++++++ မာယာ (Maya) က မျက်နှာဖုံးစွပ် လူ-တ်ကောင် သုံးယောက်ထဲက Pin-Up Girl ဆိုတဲ့ ကောင်မလေးကို သတ်လိုက်နိုင်ပေမယ့် လွတ်မသွားပါဘူး။ ကျန်နေတဲ့ လူသတ်ကောင် Scarecrow (နာမည်ရင်းက ဂရီဂိုရီ) နဲ့ Dollface တို့က မာယာ့ကို ဖမ်းသွားကြတယ်။ ဒီတစ်ခါ မာယာ့ကို ချက်ချင်းမသတ်ပစ်ဘဲ ဂရီဂိုရီက သေသွားတဲ့ သူ့ချစ်သူနေရာမှာ အစားထိုးဖို့ ကြိုးစားတော့တာပဲ။ မာယာ့ကို သူတို့အဖွဲ့ထဲဝင်ဖို့၊ နောက်ထပ် လူသတ်ကောင် တစ်ယောက်ဖြစ်လာဖို့ အတင်းအကျပ် သွေးဆောင်ပြီး တခြားသူတွေကို သတ်တဲ့နေရာမှာ လိုက်ကြည့်ခိုင်းတယ်။ ဒီကားမှာ သိလာရတာက မြို့လေးရဲ့ ရဲမှူးကြီးကိုယ်တိုင်က လူသတ်ကောင် ဂရီဂိုရီရဲ့ အဖေဖြစ်နေပြီး သားလုပ်သမျှ ပြစ်မှုတွေကို နောက်ကွယ်ကနေ လိုက်ရှင်းပေးနေတာပါပဲ။ မာယာ့ကို လိုက်ရှာဖို့ မြို့ထဲရောက်လာတဲ့ သူ့အစ်မတို့ လင်မယားကိုလည်း ဂရီဂိုရီကပဲ -တ်ဖို့ကြိုးစားပါတော့တယ်။ ဇာတ်သိမ်းပိုင်းမှာတော့ မာယာက သူတို့လို စိတ္တဇဖြစ်လာမလား အလွတ်ရုန်းသွားနိုင်မလားဆိုတာ သိရတော့မှာပါ။ File Size… (99MB) / (571MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 31m Genre ….Horror Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်