Deewana 2026 အချစ်စွမ်းအား မွန်နာဆိုတဲ့ကောင်လေးက ဘွဲ့သာ ရထားတာ ဘာအလုပ်မှလည်း မလုပ်ချင်၊ ဘဝအတွက်လည်း အစီအစဉ်မရှိဘဲ မိဘပိုက်ဆံကို ထိုင်ဖြုန်းရင်း လမ်းပေါ်မှာ အဓိပ္ပာယ်မရှိ ရန်ခဏခဏဖြစ်၊ ပေတေနေတတ်တဲ့ လူမိုက်ခေါင်းဆောင်တစ်ယောက်ပေါ့။ ဒီလိုနဲ့ အချည်းနှီး ကုန်ဆုံးနေတဲ့ သူ့ရဲ့ အမှောင်ထုကမ္ဘာထဲကို အမ်မူ ဆိုတဲ့ ကောင်မလေး ရောက်ရှိလာခဲ့ပြီး ဒီကောင်မလေးကို မြင်မြင်ချင်းမှာပဲ ခေါင်းအစ ခြေအဆုံး ရူးရူးမူးမူး စွဲလန်းချစ်မြတ်နိုးမိသွားပါတော့တယ်။ ဒါပေမဲ့ အမ်မူကတော့ ဘာအကိုင်အတိုင်းမှမရှိ၊ အနာဂတ်မဲ့ပြီး လေလွင့်နေတဲ့ မွန်နာရဲ့ ပိုးပန်းမှုတွေကို လုံးဝ ဂရုမစိုက်ဘဲ ခါးခါးသီးသီး ငြင်းပယ်ခဲ့ပါတယ်။ ဒါကိုမှ မွန်နာက ဇွဲမလျှော့ဘဲ တရစပ် လိုက်ကပ်နေတဲ့အခါမှာတော့ ငြီးငွေ့လာတဲ့ အမ်မူက "နင်သာ အစိုးရအလုပ်တစ်ခု ရအောင်လုပ်နိုင်ရင် နင့်ကို စဉ်းစားပေးမယ်" ဆိုပြီး လှောင်ပြုံးလေးနဲ့ စိန်ခေါ်လိုက်ပါတော့တယ်။ ဒီစိန်ခေါ်မှုကို ရွဲ့ပြီး ပြောလိုက်တာဖြစ်ပေမဲ့ မေတ္တာမိုးမှောင်ကျနေတဲ့ မွန်နာ့အတွက်တော့ အသက်တမျှ အရေးကြီးတဲ့ တစ်ခုတည်းသော မျှော်လင့်ချက်အဖြစ် အတည်မှတ်လိုက်ပါတော့တယ်။ ဒါနဲ့ပဲ သူ့ရဲ့ ချစ်သူဆီက အချစ်ကို အရယူဖို့အတွက် အရင်က ပေတေနေခဲ့သမျှ ဘဝအကျင့်ဆိုးတွေကို ရေစုံမျှောပစ်ပြီး အစိုးရအလုပ်တစ်ခု ရရှိရေးအတွက် ဘဝကို အသေအလဲ ကြိုးစားအားထုတ်ပါတော့တယ် ကဲ အလုပ်ရဖို့ခက်ခဲနေတဲ့နေရာမှာ မွန်နာ အလုပ်ရသွားမှာလား လိုချင်တဲ့ အချစ်ကိုရော ရသွားမလားဆိုတာကတော့....။ File size… 2.5 GB / 1.3 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 22mins Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်