အခု မိတ်ဆက်ပေးမှာကတော့ မင်းသား Zhang Hanက ရဲ့စေးယိ အနေနဲ့ မင်းသမီး Zhao Li Ying က ဟယ်ရှိုးဝူအနေနဲ့ အဓိကသရုပ်ဆောင်ထားတဲ့ The Rise Of A Tomboy(2016) Movieလေးကို မိတ်ဆက်ပေးမှာပဲ ဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ မိဘနှစ်ပါးကွာရှင်းပြီး ဖခင်နဲ့ ကြီးပြင်းလာတဲ့ ဟယ်ရှိုးဝူက ငယ်ငယ်ကတည်းက တစ်ခြားသူတွေနဲ့ မတူပဲ သင်္ချာဘာသာမှ အရမ်းထူချွန်ခဲ့ပြီး ဆစ်ဒနီတက္ကသိုလ်မှာ သင်္ချာအထူးပြုမေဂျာဘွဲ့လွန်ကျောင်းသူတစ်ယောက်ဖြစ်တယ်... မိဘနှစ်ပါးကွဲသွားတဲ့ အတိတ်ဆိုးဟာ သူ့ကိုလွှမ်းမိုးနေတယ် ...ဒါကြောင့်သူက ဘွဲ့ယူဖို့ စာတမ်းရေးတဲ့အခါမှာ အချစ်စစ်ကိုတွက်ချက်ပြီးရှာတွေ့နိုင်ဖို့ဆိုတဲ့ True Love ပုံသေနည်းခေါင်းစဉ်နဲ့စာတမ်းထပ်ခဲ့ရာမှာ ပယ်ချခံခဲ့ရပါတယ်... သင်္ချာကိုရူးသွပ်လွန်းတဲ့သူဟာ သူ့ပုံသေနည်းမှန်ကန်ကြောင်းသက်သေပြဖို့ သူ့အချစ်စစ်ကိုရှာဖွေရာမှာတော့......... တစ်ဖက်မှာလည်း တေးရေးဆရာလေးရဲ့စေးယိဟာလည်း ဆစ်ဒနီလာပြီး ကမ်းခြေမှ ာ ဟယ်ရှိုးဝူရဲ့သူငယ်ချင်း လိလိ ရေနစ်တာကိုကယ်တဲ့အခါ ဘယ်လိုရယ်စရာလေးတွေဆက်ဖြစ်မလဲ .... အမိမြေပြန်ရောက်တော့ သူ့ရဲ့နတ်သမီးကိုချစ်ခွင့်ပန်တဲ့ အခါဘယ်လိုလွဲချော်တာတွေဖြစ်ဦးမလဲ...... ယောကျ်ားဆန်တဲ့ သင်္ချာပညာရှင်မလေး ဟယ်ရှိုးဝူနဲ့ နူးညံ့သိမ်မွေ့တဲ့ ရဲ့စေးယိတို့တွေ့တဲ့အခါ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ...... သူတို့ နှစ်ယောက် တစ်မိုးအောက်တူတူနေဖြစ်သွားတဲ့ နောက်မှာတော့........ စရိုက်လုံးဝကွဲပြားတဲ့ သူတို့နှစ်ယောက်ကြားမှာ အချစ်စစ်လေးတွေများ ဖြစ်ပေါ်လာနိုင်မလား..... သင်္ချာနဲ့ဂီတကြားမှာရော ချစ်မေတ္တာနှောင်ကြိုးတွေရှိနေမလားဆိုတာကိုတော့ CM ကနေ ကြည့်ရှုအားပေးပါဦးနော် Quality : WEB-DL 1080p Format : mp4 Genres : Drama During : 1h 33 min Subtitle : Myanmar Subtitle ( hardsub ) Translated By Healer KE Encoded By LK
ဇာတ်ကားကြည့်ရန်