Vladimir Season 1 (2026)(Ep 1,2) Genre : Comedy / Drama Vladimir ကတော့ ၂၀၂၆ ခုနှစ်ထွက် စီးရီးအသစ်တစ်ခုဖြစ်ပြီး Comdey နဲ့ Drama ကိုပေါင်းထားတာပါ။ အရမ်းကြီး စခွီထရတာလည်းမဟုတ်ဘူး။ အရမ်းကြီးလည်း ဝမ်းနည်းရတာလည်းမဟုတ်ဘူး။ အဲဒီကြားထဲက အရာလေးတွေကို တကယ့်လက်တွေ့ဘဝနဲ့ ကိုက်ညီအောင်လို့ ဟာသလေးနဲ့နှောပြီးပြသွားတာ တော်တော်လေးကိုကြည့်လို့ကောင်းပါတယ်။ ပြီးတော့ “သားကြီးရာ…ငါ ထမင်းကြော်ကြိုက်လိုက်တာ” (Man, I love Fried-Rice/MILF) မမကြီး Rachel Weisz ရဲ့ အသက်ကြီးပေမဲ့ မပျက်စီးသေးတဲ့ အလှတရားတွေကို ရေခွက်ဘေးချပြီးကြည့်ရမှာဆိုတော့ ကြည့်သင့်တယ်လို့ဆိုရပါမယ်။ ဇာတ်ညွှန်း ကောလိပ်မှာ အင်္ဂလိပ်ပရော်ဖက်ဆာတစ်ယောက်ရှိတယ်။ ငယ်ဘဝမှာ ရှယ်ကြမ်း၊ ရှယ်ကြမ်း၊ ရှယ်လှ၊ ရှယ်ယွတဲ့ မမကြီးကတော့ ခုမှာ အသက်ကလည်းကြီး ကလေးနဲ့ အိမ်ထောင်နဲ့ ဖြစ်နေပြီ။ ဒါပေမဲ့ ငယ်ဘဝက ပိုးကမသေဘူး။ သူတို့အိမ်ထောင်ရေးကလည်း တံခါးဖွင့်စနစ်ကိုကျင့်သုံးတာဆိုတော့ ပြဿနာရယ်လို့ သိပ်မရှိခဲ့ဘူး။ ကျောင်းမှာ ဆရာအသစ်တစ်ယောက်ရောက်လာတယ်။ သူကတော့ ဗလာဒီမာ။ မမကြီးက လန်းတဲ့ဘဲတစ်ဗွေကို “ကြည့်တာနဲ့ ပြီး” လောက်အောင် Certified ရထားတဲ့လူ။ အသက်ကြီးလို့ ယောကျ်ားတွေကို သိပ်မဆွဲဆောင်နိုင်တော့ပေမဲ့ ကိလေသာတွေကတော့ လောင်မြိုက်နေတုန်းပဲ။ ဗလာဒီမာကလည်း ခပ်လန်းလန်းလေး။ ဒါပေမဲ့ ဗလာဒီမာမှာက ကလေးနဲ့ မိန်းမရှိနေပြန်တယ်။ ရှိလည်းဘာဖြစ်လဲ ကြည့်တာ အသားပဲ့ပါသွားတာမှမဟုတ်တာဆိုပြီး စိတ်ကူးယဉ်နှစ်ကိုယ်တည်းကမ္ဘာလေးကို တည်ဆောက်မိပြန်ရော။ တဖက်မှာလည်း မမကြီးရဲ့ ယောကျ်ားဂျွန်က ကျောင်းသူတစ်ယောက်ကို Motorboard လုပ်မိတဲ့အမှုနဲ့ ရုံးတင်ခံရပြန်တယ်။ တဖက်မှာကလည်း သူ့ရဲ့ သမီး ဆစ်ဒ်က ရှိနေပြန်တယ်။ အပေါ်မှာကတော့ ဗလာဒီမာပေါ့လေ။ ကဲ ခံစားကြည့်လိုက်ကြပါဦးခင်ဗျာ။ File size… 500 MB / 300 MB Quality… WEB DL 1080p Format… mp4 Duration…. 25m @Episode Genre ..... Comedy, Drama Subtitle…. Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်