၁၉၈၀ ပြည့်နှစ်များနဲ့ ၁၉၉၀ ပြည့်နှစ်အစောပိုင်းကာလတွေမှာ တက္ကဆက်ပြည်နယ်က မြေကွက်ကျယ်တစ်ခုမှာ အမျိုးသမီးငယ်လေးဦးရဲ့ အလောင်းတွေကို တွေ့ခဲ့ကြပါတယ်။ အဲဒီနေရာက ရွှံ့မြေတွေနဲ့ ရေနံချက်စက်ရုံတွေကြား၊ ဟူစတန်နဲ့ ဂဲဗတ်စတန်ကမ်းခြေမြို့ကို ဆက်သွယ်ထားတဲ့ လမ်းကြောတစ်လျှောက်မှာ ရှိတာပါ။ နှစ်တွေခြားပြီး တွေ့ခဲ့ကြပေမယ့် လေးဦးစလုံးကို တစ်နေရာတည်းမှာ တွေ့ခဲ့တာဖြစ်ပြီး သေဆုံးမှုတွေ ဆက်စပ်နေတာလား၊ တိုက်ဆိုင်တာလားဆိုတာ အဖြေမရခဲ့ဘူး။ အဲဒီနောက် ဒီနေရာဟာ လူသတ်ကွင်းတွေ၊ The Killing Fields ဆိုတဲ့ အမည်နဲ့ လူသိများလာပါတယ်။ ဇာတ်လမ်းက ဒီအမည်တွင်လာပြီးနောက် ကာလကို အခြေခံထားတာပါ။ တက္ကဆက်မြို့ငယ်တစ်မြို့က စုံထောက် မိုက်ခ်ဆောက်ဒါနဲ့ နယူးယောက်ကနေ ပြောင်းလာတဲ့ တွဲဖက်စုံထောက် ဘရိုင်ယန်ဟေ့ဂျ်တို့က လူသတ်မှုတွေကို ဖော်ထုတ်နေကြတယ်။ အမျိုးသမီးငယ်တွေ ဆက်တိုက်ပျောက်ဆုံး၊ သေဆုံးလာတဲ့အမှုတွေကို စုံစမ်းရင်း အမည်ဆိုးနဲ့ကျော်ကြားတဲ့ ဒီနေရာနဲ့ ရင်ဆိုင်ကြရပါတယ်။ အတိတ်ကလို ဖြစ်ရပ်တွေ ထပ်ဖြစ်လာတာကို သူတို့ ရပ်တန့်နိုင်မလား၊ ဉာဏ်များပြီး ကောက်ကျစ်တဲ့ ကွင်းဆက်လူသတ်သမားကို ဖမ်းမိနိုင်မလားဆိုတာ ဥပဒေဘက်တော်သားတွေနဲ့ ရာဇဝတ်သားကြားက အားပြိုင်မှု၊ အပြန်အလှန် ဉာဏ်ကစားမှုတွေနဲ့ ဆက်ပြထားပါတယ်။
ဇာတ်ကားကြည့်ရန်