၂၀၁၁ခုနှစ်ကရုံတင်ခဲ့တဲ့ နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာ ဆုတွေဆွတ်ခူးခဲ့တဲ့ နက်ရှိုင်းပြီး ရင်ထဲထိစေမယ့် ဟောင်ကောင်ဒရာမာရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ မင်းသားကြီး Andy Lau နဲ့ဝါရင့်မင်းသမီးကြီး Deanie Ip တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပြီးတော့ ရုပ်ရှင်ထုတ်လုပ်သူ Roger Lee ရဲ့ဘဝဖြစ်ရပ်မှန်ကို အခြေခံပြီးတော့ပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့..... ထောင်ကျဲဆိုတဲ့ အစ်မထောင်ရဲ့ ရိုးရှင်းတဲ့ဘဝကနေစပါတယ်။ အစ်မထောင်က လီမိသားစုမှာနှစ်ဆယ်ချီပြီး အိမ်အကူလုပ်နေတဲ့သူတစ်ယောက်ပါ။ လီမိသားစုရဲ့မျိုးဆက်၄ဆက်တိုင်အောင် ပြုစုစောင့်ရှောက်ပေးလာတဲ့သူတစ်ယောက်လဲဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူဟာနေ့ဓဒူဝ လုပ်နေ့ကြအတိုင်းအိမ်အလုပ်တွေကိုလုပ်ရင်း ရုတ်တရက်လဲကျသွားပြီး ပြန်နိုးလာတဲ့အချိန်မှာတော့ သူဟာဆေးရုံမှာရောက်နေတာကိုသိလိုက်ရပါတယ်။ လေဖြတ်သွားတဲ့အစ်မကြီးထောင်က သူ့ရဲ့အိမ်ရှင်ရော်ဂျာကိုအလုပ်မရှုပ်စေချင်တဲ့အတွက် ဘိုးဘွားစောင့်ရှောက်ရေးဂေဟာကိုပဲပို့ပေးဖို့တောင်းဆိုခဲ့ပါတယ်။ ရော်ဂျာကလဲသူ့ဆန္ဒကိုလိုက်လျောပေးခဲ့ပါတယ်။ ဒါပေမယ့် အလုပ်များတဲ့ရော်ဂျာက အစ်မကြီးထောင်ကိုပစ်ပယ်မထားပဲ သူငယ်ငယ်တုန်းက သူ့ကိုအစ်မကြီးထောင်ကစောင့်ရှောက်ပေးခဲ့သလိုစေတနာအပြည့်နဲ့ လူအိုရုံကိုအမြဲလာကြည့်ပြီး စောင့်ရှောက်ပေးခဲ့ပါတယ်။ ရော်ဂျာက အစ်မကြီးထောင်ရဲ့ဘဝနောက်ဆုံးအချိန်တွေမှာ အကောင်းဆုံးတွေပဲ တတ်နိုင်သလောက်လုပ်ပေးရင်း သွေးမတော်တဲ့လူ၂ယောက်ကြားက မေတ္တာ စေတနာနဲ့ သံယောဇဉ်တွေကို ရိုးရိုးရှင်းရှင်းလေးရင်ထဲထိအောင်ချပြသွားခဲ့တာပဲဖြစ်ပါတယ် Filesize : 2.50 GB / 1.17 GB Quality : Bluray 1080p HEVC , 720p HEVC Format : mp4 Genres : Drama Runtime : 1h 58 min Subtitle : Myanmar Subtitle ( Hardsub )
ဇာတ်ကားကြည့်ရန်