Lockbox (2026) မိခင်ဆုံးသွားပြီးတဲ့နောက်မှာ ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ဖြစ်တဲ့ Ellen က ဝေးလံခေါင်ပါးတဲ့ မြို့လေးတစ်မြို့ကို ပြောင်းရွှေ့နေထိုင်ခဲ့တယ်။ ပြီးတော့ အေးအေးချမ်းချမ်းနေထိုင်ရင်း အနေအေးတဲ့ PTSD အကြီးစားနဲ့ အိပ်ယောင်လမ်းလျှောက်တတ်တဲ့ စစ်သားဟောင်းဖြစ်သူ ဝမ်းကွဲမောင်လေး Winthrop ကို သူနဲ့အတူနေဖို့ လက်ခံခဲ့တယ်။ ဒါပေမယ့် သူတို့ရဲ့ အေးချမ်းတဲ့ နေထိုင်ရေးက ထူးဆန်းတဲ့ Vanna ဆိုတဲ့ အိမ်နီးချင်းအမျိုးသမီးတစ်ဦး ပေါ်လာပြီးတဲ့နောက်မှာ ပြောင်းလဲသွားခဲ့ပါတယ်။ Vanna က Ellen ကို သူ့ဝမ်းကွဲမောင် Winthrop က အန္တရာယ်ရှိတဲ့လူဖြစ်ကြောင်း သတိပေးခဲ့တယ်။ နောက်တော့ ရုတ်တရက်ကြီး Vanna အသတ်ခံလိုက်ရပြီး Winthrop ရဲ့ ညမှာ လျှောက်သွားတတ်တဲ့အကျင့်ကြောင့် သူ့ကို ရဲတွေရဲ့ သံသယအဖြစ် ခံခဲ့ရပါတယ်။ ဒီလိုနဲ့ ရဲတပ်ဖွဲ့တွေက Winthrop ကို စစ်ဆေးမေးမြန်းပြီး စောင့်ကြည့်နေရင်း Winthrop ရဲ့ အပြုအမူတွေက ထူးဆန်းလာချိန်မှာတော့ ဒီကိစ္စတွေအားလုံးရဲ့ အခြေအနေအစစ်အမှန်က ဘာလဲ? ထူးဆန်းတဲ့ သဘာဝလွန်အရာတစ်ခုခုက ဒါတွေကိုဖန်တီးနေတာလားဆိုတာကို ဆန်းကြယ်မှုများစွာနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ File size… (1.2 GB) / (640 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror Duration…. 01:45:00 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်