100 Days of Deception (2026) အပိုင်းသစ် (8) ဂျပန်ကိုလိုနီခေတ် ဂယောင်းဆောင်းမြို့ကြီးမှာ အသက်ရှင်ဖို့အတွက် လမ်းဘေးခါးပိုက်နှိုက်၊ လူလိမ်မလေးအဖြစ်ကျင်လည်နေရတဲ့ “အီဂါဂယောင်း” (Kim Yoo Jung) ဆိုတဲ့ ကောင်မလေးတစ်ယောက် ရှိပါတယ်။ သူ့ရဲ့တစ်သက်တာရည်မှန်းချက်ကတော့ ပိုက်ဆံရှာပြီး ဒီဒုက္ခတွင်းထဲကနေ အဝေးဆုံးကိုထွက်ပြေးဖို့ပါပဲ။ ဒါပေမဲ့ ကံကြမ္မာရဲ့ဖန်တီးမှုကြောင့် လွတ်လပ်ရေးလှုပ်ရှားမှုအဖွဲ့နဲ့ သဘောတူညီချက်တစ်ခုယူလိုက်ရပြီး ကိုရီးယား ဂျပန်ဘုရင်ခံချုပ်ရုံးကြီးထဲမှာ ဝန်ထမ်းအဖြစ်ဟန်ဆောင်ပြီး ရက်ပေါင်း ၁၀၀ တိတိ အယောင်ဆောင်သူလျှိုအဖြစ်အလုပ်လုပ်ဖို့ ဖြစ်လာခဲ့ပါတယ်။ အသက်ရှင်သန်ရေးသက်သက်အတွက်နဲ့စတင်ခဲ့တဲ့ ဒီဟန်ဆောင်ကစားပွဲဟာ အချိန်ကြာလာတာနဲ့အမျှ သူ့ကို နိုင်ငံရေးအရှုပ်အထွေးတွေ သစ္စာစောင့်သိမှုတွေနဲ့ ယုံကြည်ချက်တွေကြားဗျာများရတဲ့ စစ်မှန်တဲ့သတင်းပေးတစ်ယောက်အဖြစ် ဖြည်းဖြည်းချင်းတွန်းပို့ပေးပါတော့တယ်။ ဒီလိုအန္တရာယ်များတဲ့ မျက်နှာနှစ်ဖက်နဲ့ဘဝကိုဖြတ်သန်းနေရချိန်မှာပဲ “ဂါဂယောင်း” ဟာ ဘုရင်ခံချုပ်ရုံးရဲ့ ဩဇာကြီးမားတဲ့ဂျပန်အရာရှိကြီး ဆာတိုရှင်းအိချိရဲ့မွေးစားသားဖြစ်ပြီး နှစ်ပေါင်းများစွာကြာမှ တိုင်းပြည်ကိုပြန်ရောက်လာတဲ့ ထူးချွန်တဲ့စကားပြန် “ဂင်ထယ်အွန်း” (Park Jin Young) နဲ့ ဆုံတွေ့ပါတော့တယ်။ အဆောက်အဦတစ်ခုတည်းမှာ အတူတာဝန်ထမ်းဆောင်ကြရင်း ကိုယ်စီလျှို့ဝှက်ချက်တွေ၊ အလိမ်အညာတွေနဲ့အစပြုခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာ မယုံသင်္ကာမှုတွေကြားကနေ တဖြည်းဖြည်းနဲ့ ရင်ခုန်စရာသံယောဇဉ်အဖြစ် အသွင်ပြောင်းလာခဲ့ပါတော့တယ်။ အန္တရာယ်ကြီးမားတဲ့ ကိုလိုနီခေတ် နိုင်ငံရေးတင်းမာမှုတွေကြားမှာ ဒီဖြစ်နိုင်ခြေမရှိတဲ့ချစ်ခြင်းမေတ္တာလေးက တိတ်တဆိတ်ပေါက်ဖွားရှင်သန်လာတာကို ရင်တထိတ်ထိတ်နဲ့ရှုစားရမှာပါ။ ဒီဇာတ်လမ်းတွဲမှာ မင်းသမီး Kim Yoo Jung က လမ်းဘေးခါးပိုက်နှိုက်ဘဝကနေ သူလျှိုမလေးအဖြစ်ပြောင်းလဲလာမဲ့ “ဂါဂယောင်း” အဖြစ် သရုပ်ဆောင်ထားပြီး မင်းသား Park Jin Young ကတော့ လျှို့ဝှက်ချက်များတဲ့စကားပြန် “ဂင်ထယ်အွန်း” အဖြစ်ပါဝင်ထားပါတယ်။ သူတို့နှစ်ယောက်ရဲ့အတွဲညီညီသရုပ်ဆောင်မှုအပြင် ကလဲ့စားချေဖို့ လက်ဖြောင့်သေနတ်သမားအဖြစ်ပြန်ရောက်လာတဲ့ မင်းသမီးကြီး Kim Hyun Joo၊ သတင်းထောက်အဖြစ်ဟန်ဆောင်ထားတဲ့ လွတ်လပ်ရေးအဖွဲ့ဝင်အဖြစ် မင်းသား Lee Moo Saeng နဲ့ ဗီလိန်ကြီးအဖြစ် မင်းသား Jin Seon Kyu တို့လို ဝါရင့်သရုပ်ဆောင်တွေ အပြိုင်ကြဲထားတာမို့ သရုပ်ဆောင်ပိုင်းအနေနဲ့လည်းပြောစရာမလိုအောင် မြိုင်ဆိုင်နေမဲ့ကားကောင်းလေးပါ။ tvN ရဲ့ အနှစ် ၂၀ ပြည့် အထူးပရောဂျက်အနေနဲ့ရိုက်ကူးထားတဲ့ဒီဇာတ်လမ်းလေးဟာ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနောက်ခံနဲ့ စပိုင်ဇာတ်လမ်းတွေကိုမှ ချစ်ခြင်း၊ ကလဲ့စားချေခြင်း၊ လှည့်စားခြင်းတွေပေါင်းစပ်ထားတာကြိုက်တဲ့သူတွေအတွက်တော့ လုံးဝလက်မလွှတ်သင့်တဲ့ ဇာတ်လမ်းတွဲအသစ်လေးဖြစ်တာမို့ အပတ်စဥ် စနေ၊ တနင်္ဂနွေတိုင်း တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ Episodes: 16 Aired: Oct 10, 2026 - Nov 29, 2026 Aired On: Saturday, Sunday Original Network: tvN Duration: 1h 10m Genres: Action, Thriller, Historical, Romance Subtitle: Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်