ထိုင်းဟာသကား အလွင့်တွေ၊ အခွီတွေ ကြိုက်တဲ့ ပရိသတ်ကြီးအတွက် ရယ်ရလွန်းလို့ အူတက်သွားစေမဲ့ ကားသစ်ကြီး ထွက်ရှိလာပါပြီ။ ဒီကားလေးကတော့ ကျွန်တော်တို့ ငယ်ငယ်ကတည်းက ရင်းနှီးပြီးသားဖြစ်တဲ့ မျောက်မင်း စွန်းဝူခုန်း ဇာတ်လမ်းကို ထိုင်းစတိုင်နဲ့ အလွဲတွေ ဖန်တီးရိုက်ကူးထားတဲ့ Action Comedy ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဟိုးရှေးရှေးတုန်းက ဝေးကွာလှတဲ့ တိုင်းပြည်တစ်ခုမှာ ထန်ဆန်းဟာ မျောက်မင်းစွန်းဝူခုန်း ၊ ရှားဝူကျင်းတို့နဲ့အတူ ခရီးရှည်ကြီးတစ်ခုကို စတင်ထွက်ခွာလာခဲ့ပါတယ်။ ပုံမှန်ဆိုရင် သူတို့အဖွဲ့မှာ လေးယောက်ရှိရမှာပေမဲ့ ဒီခရီးစဉ်မှာတော့ သူတို့အဖွဲ့ထဲက အရေးကြီးတဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ကျူးပါးကျဲတစ်ယောက် ပျောက်ဆုံးနေခဲ့ပါတယ်။ သူတို့ရဲ့ ဆရာတပည့်တစ်သိုက် ပျောက်ဆုံးနေတဲ့ ကျူးပါးကျဲ ဘယ်လိုလိုက်ရှာကြမလဲ။ လမ်းခရီးမှာရော ဘယ်လို အခက်အခဲတွေ၊ နတ်ဆိုးတွေနဲ့ ထိပ်တိုက်တွေ့ပြီး ဘယ်လို တလွဲတချော်တွေနဲ့ ဖြေရှင်းကြမလဲဆိုတာကို ပေါ့ပေါ့ပါးပါး ရယ်မောရင်း ကြည့်ရှုရမှာပါ။ ဒီကားမှာ အဓိက ဆွဲဆောင်မှုကတော့ ထိုင်းဟာသလောကရဲ့ ထိပ်တန်းမင်းသားတွေဖြစ်တဲ့ Padung Songsang နဲ့ Choosak Iamsuk တို့က အဓိကပါဝင်အားဖြည့်ပေးထားတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် နာမည်ကြီး ဒါရိုက်တာ Poj Arnon က ရိုက်ကူးပေးထားတာဆိုတော့ ပရိသတ်တွေကို အစကနေအဆုံးထိ ပေါက်ကရ အလွဲတွေနဲ့ ရယ်မောပျော်ရွှင်စေမှာ အသေအချာပါပဲ။
ဇာတ်ကားကြည့်ရန်