Mad Concrete Dreams (2026) အပိုင်း (၁ မှ ၁၂) စ/ဆုံး ကိုရီးယားလူ့အဖွဲ့အစည်းရဲ့ အောင်မြင်မှုစံနှုန်းတစ်ခုဖြစ်တဲ့ "အိမ်ခြံမြေပိုင်ဆိုင်မှု" ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတဲ့ "Mad Concrete Dreams " ဟာ လောဘ၊ သောကနဲ့ လူတွေရဲ့ ရုန်းကန်မှုကို ရင်တုန်ပန်းတုန် မြင်တွေ့ရမဲ့ Thriller ဇာတ်လမ်းတွဲလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ Lobby, Nocturnal စတဲ့ Movie များထဲမှ မင်းသား Ha Jung-Woo , Melancholia ထဲမှ မင်းသမီး Lim Soo-Jung နဲ့ Resident Playbook, Newtopia ထဲက မင်းသား Kim Jun-Han နဲ့ Shim Eun-kyung , Krystal တို့လို ထိတ်ထိတ်ကြဲ နာမည်ကြီး သရုပ်ဆောင်တွေ ပါဝင်အားဖြည့်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း ကိုရီးယားနိုင်ငံမှာ "အောင်မြင်သူ" လို့ သတ်မှတ်ခံရဖို့အတွက် .. အဆောက်အဦတစ်ခု ပိုင်ဆိုင်ထားဖို့က အဓိကကျတဲ့ အချက်တစ်ခုဖြစ်လာတဲ့အခါ... Ki Su-Jong(Ha Jung-Woo)ဆိုတဲ့ သာမန်ရုံးဝန်ထမ်းတစ်ယောက်ဟာလည်း အဲဒီအိပ်မက်နောက်ကို အရူးအမူး လိုက်ခဲ့မိပါတယ်။ သူဟာ Kim Sun(Lim Soo-Jung) နဲ့ လက်ထပ်ပြီးတဲ့နောက် ငွေကြေးအကျပ်အတည်းတွေကြား ရုန်းကန်လာရင်းနဲ့ နောက်ဆုံးမှာတော့ ချေးငွေတွေ ယူပြီး အဆောက်အဦတစ်ခုကို ဝယ်ယူလိုက်တာကြောင့် အကြွေးတွေ လည်ပင်းလောက်ထိ နစ်သွားပါတော့တယ်။ အဲဒီအချိန်မှာပဲ စီးပွားရေးလောကရဲ့ လှည့်ကွက်တွေကြားမှာ Real Capital က Yo-Na (Shim Eun-Kyung) ဆိုတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ မိန်းမက သူ့ကို ဖိအားပေးလာတဲ့အခါမှာတော့ .. အဆောက်အဦကို ကာကွယ်ဖို့အတွက် သူငယ်ချင်းတွေနဲ့ ပူးပေါင်းပြီး အဆောက်အဦရဲ့ မြေအောက်ခန်းထဲမှာ ပြန်ပေးဆွဲမှုတစ်ခုကို ဟန်ဆောင်ဖန်တီးခဲ့ပါတယ်။ ဒါပေမဲ့ စနစ်တကျ စီစဉ်ထားတဲ့ အဲဒီအယောင်ဆောင် ပြန်ပေးဆွဲမှုက မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေကြောင့် တကယ့်ရာဇဝတ်မှုကြီးတစ်ခုအဖြစ် အသွင်ပြောင်းသွားတဲ့အခါ..... တစ်ဆင့်ပြီးတစ်ဆင့် နက်ရှိုင်းလာတဲ့ ရာဇဝတ်မှုကွင်းဆက်တွေထဲမှာ Ki Su-Jong က သူ့ဘဝကို ပြန်ကယ်တင်နိုင်ပါ့မလား .. လောဘတွေကို အတောမသတ်နိုင်တဲ့ သူတို့တွေဟာ ရှိသမျှ အကြံဉာဏ်ထုတ်သုံးပြီး အဆောက်အဦကို အဆုံးထိ ကာကွယ်သွားနိုင်ပါ့မလားဆိုတာကိုတော့ စိတ်ဝင်စားဖို့ကောင်းစွာနဲ့ပဲ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။ Episodes: 12 Aired: Mar 14, 2026 - Apr 19, 2026 Aired On: Saturday, Sunday Original Network: tvN Genres: Thriller, Comedy, Crime, Drama
ဇာတ်ကားကြည့်ရန်