The Girl in the River (2026) +++++++++++++++ Mississippi မြစ်ကမ်းဘေးက ငြိမ်သက်လွန်းလှတဲ့ မြို့ငယ်လေးမှာ မထင်မှတ်ထားတဲ့ ရာဇဝတ်မှုတစ်ခု ရုတ်တရက် ဖြစ်ပွားခဲ့ပါတယ်။ ဒါကတော့ အမွှာညီအစ်မနှစ်ယောက် တစ်ပြိုင်နက်တည်း ပြန်ပေးဆွဲခံလိုက်ရတာပါ။ ရက်ပိုင်းအကြာမှာတော့ ညီအစ်မနှစ်ယောက်ထဲက တစ်ယောက်ရဲ့ ရုပ်အလောင်းကို မြစ်ရေစီးကြောင်းထဲမှာ ဝမ်းနည်းဖွယ် ပြန်တွေ့ခဲ့ရပေမဲ့ ကျန်တစ်ယောက်ကတော့ သဲလွန်စမရှိ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ ဒီလို ရှုပ်ထွေးလှတဲ့ ရာဇဝတ်မှုကို ဖော်ထုတ်ဖို့အတွက် အတွေ့အကြုံရင့် စုံထောက်ကြီး ခရေမာ နဲ့ ပါးနပ်ထက်မြက်တဲ့စုံထောက်ပေါက်စမလေး အန်မလီယာတို့ ပူးပေါင်းလိုက်ရတဲ့အခါ... သူတို့ရှေ့မှာ ရှိနေတာက ရိုးရိုးရှင်းရှင်း လူသတ်သမားတစ်ယောက်မဟုတ်ဘဲ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကစားပွဲတွေကို ပါးနပ်စွာ ခင်းကျင်းပြသနေတဲ့ ရက်စက်လွန်းသူတစ်ယောက် ဖြစ်နေခဲ့ပါတယ်။ ဒုတိယမြောက် မိန်းကလေးရဲ့ အသက်ကို ကယ်တင်နိုင်ဖို့ အချိန်နည်းပါးလာတာနဲ့အမျှ ရဲစုံထောက်နှစ်ယောက်ကလူသတ်သမားရဲအကောက်ကြံမှုတွေကို ဘယ်လိုအလှည့်အပြောင်းတွေနဲ့ ဖော်ထုတ်သွားမလဲဆိုတာ ရင်တထိတ်ထိတ်ကြည့်ရှုရမှာပါ..... File Size… (1.57GB) / (750MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 32m Genre …Crime and Thriller Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်