တကယ့်အဖြစ်အပျက်ကို ရိုက်ကူးထားတဲ့ ဒီကားလေးဟာIMDb 7.1 နဲ့ rotten tomatoes 100% တောင်ရရှိထားတာပါ အိုင်ယာလန်သား ဂျော့ နဲ့ ကော်နာ လို့ခေါ်တဲ့၁၅ နှစ်အရွယ်ပဲရှိကြသေးတဲ့ အရမ်းခင်ကြတဲ့ သူငယ်ချင်းနှစ်ယောက်ဟာ တူညီတဲ့အချက်လေးတွေရှိနေကြပါတယ် သူတို့မှာ မိဘတစ်ယောက်စီပဲရှိကြပြီးသူတို့မိဘတွေနဲ့အဆင်မပြေကြဘူး နှစ်ယောက်စလုံးဟာအရမ်းချမ်းသာချင်ကြတယ် အဲ့ဒီအချိန်မှာ ပဲ ဂျော့ဟာ ယူရိုငွေ ၇သန်းတန် ပိုက်ဆံရပေါက်ရလမ်းတစ်ခုကိုTV သတင်းတစ်ခုကနေ တွေ့လာပြီး သူငယ်ချင်းနှစ်ယောက် စက်ဘီးကိုယ်စီစီးကာအနောက်ဖက်ကမ်းခြေဖက်ကို ပိုက်ဆံအတွက်ရှာပုံတော်ထွက်ကြရင်း ပြဿနာပေါင်းစုံတက်ပုံတွေ ရာဇဝတ်မှုကျူးလွန်မိပုံတွေကို ခပ်ရွှင်ရွှင် ရယ်စရာကောင်းအောင်ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ် ပေါ့ပေါ့ပါးပါး ရိုက်ကူးထားတဲ့အတွက် ပေါ့ပေါ့ပါးပါးကြည့်ချင်သူတွေအတွက် ကြည့်လို့ကောင်းမယ့် Drama Comedy ဇာတ်ကားလေးပါ ဒီကားထဲမှာ သရုပ်ဆောင်ထားသူတွေကတော့ Chris Walley, Hilary Rose, Alex Murphy, Dominic MacHale စတဲ့ နာမည်ကျော်အိုင်းရစ်ရှ် သရုပ်ဆောင်တွေပဲဖြစ်ကြပါတယ် သူငယ်ချင်းနှစ်ယောက် ယူရိုငွေ ခုနှစ်သန်း ကို ရပြီး ချမ်းသာသွားမလား ဘယ်လို အန္တရာယ်တွေကြုံနိုင်လဲ ဆိုတာတွေကို ပရိတ်သတ်ကြီးကိုယ်တိုင်ပဲကြည့်ရှုတော်မူကြပါဦး File Size : (700 MB) Quality :720p Running Time : 1hr 23min Format : Mp4 Genre : Adventure, Comedy, Crime Subtitle : Myanmar Subtitle (Hard Sub) Source : 1080p BluRay x264-DRONES Translated by Zuel Khant Thwin Encoded by Thanhtike Zaw
ဇာတ်ကားကြည့်ရန်