လူသိနည်းတဲ့ သီးသန့်ကျွန်းလှလှလေးတစ်ကျွန်းမှာ နင်းမ်နဲ့ သူ့အဖေ ဂျက်ခ်တို့ နှစ်ယောက်တည်း နေကြပါတယ်။ နှစ်ယောက်လုံး စွန့်စားရတာကို ဝါသနာပါကြပြီး ဂျက်ခ်က သိပ္ပံပညာရှင်တစ်ယောက်ပါ။ တစ်နေ့မှာ ဂျက်ခ်ဟာ နင်းမ်ကို ကျွန်းပေါ်မှာ တစ်ယောက်တည်းထားခဲ့ပြီး ပင်လယ်ထဲ ရှာဖွေရေးခရီး ထွက်သွားရာက မုန်တိုင်းမိပြီး လမ်းပျောက်သွားပါတယ်။ တစ်ဖက်မှာလည်း အပျော်စီးသင်္ဘောပေါ်က လူတွေက သူတို့ကျွန်းကို ရှာတွေ့သွားပြီး စီးပွားဖြစ် အသုံးချဖို့ ကြံလာကြတယ်။ ကျွန်းပေါ်မှာ တစ်ယောက်တည်း ကျန်ခဲ့တဲ့ နင်းမ်ဟာ စာရေးဆရာမ အလက်စ်ဇန်းဒြားနဲ့ အဆက်အသွယ်ရသွားပါတယ်။ အလက်စ်ဇန်းဒြားက နာမည်ကြီး စွန့်စားသမားဇာတ်ကောင် “အဲလက်စ်ရိုဗာ” အကြောင်း စာအုပ်တွေ ရေးသူဖြစ်ပေမယ့် အပြင်မှာတော့ အိမ်ပြင်တောင် မထွက်ရဲသူပါ။ အခုတော့ နင်းမ်က သူ့ဆီ အကူအညီတောင်းလာပါပြီ။ Gerard Butler ပါဝင်ထားတဲ့ ဒီစွန့်စားခန်းဇာတ်ကားမှာ နင်းမ်က ကျွန်းပေါ်ကျူးကျော်လာသူတွေကို မောင်းထုတ်နိုင်ပါ့မလား၊ ပင်လယ်ထဲမှာ လမ်းပျောက်နေတဲ့ အဖေကရော ပြန်လာနိုင်ပါ့မလားဆိုတာ စောင့်ကြည့်ရမှာပါ။ အိမ်ပြင်မထွက်ရဲတဲ့ အလက်စ်ဇန်းဒြားကရော နင်းမ်ဆီအထိ ရောက်လာနိုင်ပါ့မလား။
ဇာတ်ကားကြည့်ရန်