Mandaadi_(2026) လှိုင်းလုံးကြားက ပြိုင်ပွဲများ တမီးလ်နာဒူ ကမ်းရိုးတန်းကျေးရွာတစ်ခုမှာ အဓိက သက်မွေးဝမ်းကျောင်းအဖြစ် ပင်လယ်ပြင်ကိုပဲ မှီခိုပြီး အသက်ဆက်နေကြတဲ့ တံငါသည် ရွာသားလေးတွေနဲ့ သူတို့ရဲ့ ရိုးရာ လှေပြိုင်ပွဲ ယဉ်ကျေးမှု...။ ဒီရွာမှာ မွေးဖွားကြီးပြင်းလာပြီး ပင်လယ်ပြင်ပေါ်မှာ အနိုင်မခံ အရှုံးမပေးတဲ့ သတ္တိဗျတ္တိနဲ့ ပြည့်စုံသူ မန်ဒါဒီယမ်ဆိုတဲ့ လူငယ်လေးက ရွာသားတွေရဲ့ အကျိုးနဲ့ ရိုးရာဂုဏ်သိက္ခာကို အသက်နဲ့အမျှ မြတ်နိုးသူပေါ့။ ဒါပေမဲ့ တစ်နေ့မှာတော့ ဒေသခံ ဩဇာအာဏာရှိသူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေက တံငါသည်တွေ မှီခိုနေတဲ့ ပင်လယ်နယ်မြေကို မတရား သိမ်းပိုက်ဖို့ ပရိယာယ်ပေါင်းစုံသုံးပြီး ဖိအားပေး လာခဲ့ကြပါတော့တယ်။ ရွာသားတွေရဲ့ နယ်မြေ၊ အသက်မွေးဝမ်းကျောင်းနဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့အတွက် နှစ်စဉ်ကျင်းပမြဲ ရိုးရာ လှေပြိုင်ပွဲက သာမန် ပြိုင်ပွဲတစ်ခု မဟုတ်တော့ဘဲ အနိုင်နဲ့ အရှုံး ေ-သခြင်းနဲ့ ရှင်ခြင်းကို ဆုံးဖြတ်မယ့် ေ-သွးဆူစရာ တိုက်ပွဲတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ရပါတယ်။ လှိုင်းလေထန်ပြီး အန္တရာယ်များတဲ့ ပင်လယ်ပြင်ကြီးထဲမှာ ရန်သူတွေရဲ့ လှည့်ကွက်တွေကို ယှဉ်ပြိုင်ရင်း ရွာရဲ့ အခွင့်အရေးကို ဘယ်လို အသက်နဲ့ရင်းပြီး ကာကွယ်သွားမလဲဆိုတာကို သန်း ၇၅၀ အကုန်ကျခံရိုက်ကူးထားတာမို့ အတူကြည့်လိုက်ရအောင်လား။ File size… 10 GB / 4.4 GB / 2.8 GB Quality…WEB DL 4K / 1080p HEVC/ 720p Format…mkv/ mp4 Duration…. 2h 33m Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်