Season 1 အပိုင်း ( ၁ မှ ၅ ) အထိ စ / ဆုံး ဒီတစ်ခါမှာတော့ Missing You လို အမည်ရတဲ့ mystery series လေး တစ်ခုကို တင်ဆက်ပေးလိုက်ရပါတယ် ။ ဇာတ်လမ်းကတော့ စုံထောက်တစ်ယောက်ဖြစ်တဲ့ ကတ် ဒိုနိုဗန်ကို အရင်းတည်ထားပါတယ် ။ ကတ် ဟာ လွန်ခဲ့တဲ့ ၁၁ နှစ်က သတိုသားလောင်းက Ghost သွားတာကို ခံခဲ့ရတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပါတယ် ။ Ghost သွားတဲ့အချိန်ကလည်း ကတ်ရဲ့ အဖေဖြစ်သူ အသတ်ခံရပြီးကာစ အချိန် ဖြစ်တဲ့အတွက် Move on ဖိုက တော်တော်လေး မလွယ်ကူတာပါပဲ ။ ဒီလိုကနေ ၁၁ နှစ်အကြာမှာတော့ သူငယ်ချင်းရဲ့ မိတ်ဆက်ပေးမှုနဲ့ Dating app တစ်ခုကို စသုံးလိုက်မိတဲ့ ကတ်ဟာ သူနဲ့ တွဲဖက်ပေးထားတဲ့ သူတွေထဲမှာ သူ့တစ်ချိန်က သတိုသားလောင်း ဂျော့ချ်ကို ပြန်တွေ့ လိုက်ရတာပါပဲ ။ တစ်ချိန်တည်းမှာပဲ ကတ်ရဲ့ အဖေကို သတ်ခဲ့တဲ့ လူသတ်သမား မွန်တီလီဘန်းကလည်း ကင်ဆာရောဂါကြောင့် သေခါနီး အချိန်ကို ရောက်နေကာမှ သိလိုက်ရတဲ့အမှန်တရားက ကတ်ရဲ့အဖေကို တကယ်သတ်ခဲ့တဲ့သူက မွန်တီလီဘန်း မဟုတ်ပါဘူးတဲ့ ။ ဒါဆိုရင် ကတ်ရဲ့အဖေကို သတ်ခဲ့တာ ဘယ်သူ ဖြစ်မလဲ ။ ကတ်အနားကနေ ဂျော့ချ်ထွက်သွားခဲ့တာကရော သွေးရိုးသားရိုးဖြစ်နိုင်ပါ့ မလားဆိုတာကို Missing You ဇာတ်လမ်းတွဲမှာ အတူတူ အဖြေရှာ ကြည့်လိုက်ရအောင်ပါ ။ File Size –710MB / 359MB Quality –WEB-DL 1080p HEVC / 720p Episodes - 5 Eps Duration - 45 min Subtitle – Myanmar Hardsub Format – mkv /mp4 Genre : Drama , Crime , Mystery Translator – Hazelle , Muse , JULY , & Aoi Encoder – Min Wai
ဇာတ်ကားကြည့်ရန်