လူတန်းစားအမျိုးမျိုးက ခရီးသည်တွေ လိုက်ပါလာတဲ့ ရထားတစ်စီးဟာ အေးအေးဆေးဆေး ခုတ်မောင်းနေပါတယ်။ ခရီးသည်တွေလည်း စကားတပြောပြောနဲ့ လိုက်လာကြတုန်း တစ်နေရာမှာ ရထားက အကြောင်းမသိဘဲ ရပ်သွားတယ်။ ရထားထဲကနေ ထွက်ဖို့ ကြိုးစားကြရင်း ရုန်းရင်းဆန်ခတ် ဖြစ်လာပြီးမှ ရထားလမ်းမှာ မြေပြိုနေတာကို သိလိုက်ကြပါတယ်။ ဘေးလွတ်မယ့်နေရာမှာ ဆင်းနေကြပေမယ့် ကင်းခြေများအကောင်ရေ ထောင်ချီ ဝိုင်းလာတော့ ရထားပေါ် ပြန်တက်ရုံပဲ ရှိတော့တယ်။ ဒါပေမယ့် ရထားက ဝန်မမျှတော့ဘဲ မြေပြိုနေတဲ့ တွင်းနက်ကြီးထဲ ထိုးကျသွားပါတယ်။ အောက်မှာလည်း ကင်းခြေများတွေ အမြောက်အများ ရှိနေတဲ့အတွက် ခရီးသည်တွေဟာ ခြေဦးတည့်ရာ ထွက်ပြေးကြရပြန်တယ်။ ဘယ်နေရာရောက်နေမှန်း မသိတော့တဲ့ သူတို့ကို ကယ်ဆယ်ရေးအဖွဲ့တွေ ရှာတွေ့နိုင်ပါ့မလား။ သူတို့ကိုယ်တိုင်ရော ကင်းခြေများတွေ ပြည့်နေတဲ့ ဝင်္ကပါထဲကနေ လွတ်အောင် ပြေးနိုင်ကြမလား။ ကင်းခြေများတွေရဲ့ အန္တရာယ်ကြားမှာ ရှင်သန်ဖို့ ရုန်းကန်ကြရင်း ဘေးကြုံလာချိန် လူတွေရဲ့ သဘောသဘာဝကိုပါ မြင်ရမယ့် ဇာတ်လမ်းပါ။
ဇာတ်ကားကြည့်ရန်