Hope (2026) IMDb Rating (7.2) *4K ထွက်ဖို့ကြာဦးမှာမို့ ဒီဟာကိုပဲ အရင်ကြည့်ဖို့ ညွှန်းလိုက်ပါတယ်ရှင်* နောက်ဆုံးတော့ အားလုံး စောင့်မျှော်နေခဲ့ရတဲ့ The Wailing ဒါရိုက်တာ Na Hong-Jin ရဲ့ သိပ္ပံစိတ်ကူးယဉ်နဲ့ သည်းထိတ်ရင်ဖို ဇာတ်လမ်းအမျိုးအစားကို ပေါင်းစပ်ဖန်တီးထားတဲ့ ရုံတင်ကားသစ်လေး ထွက်ရှိလို့လာပါပြီ။ မင်းသား Hwang Jung-Min, Zo In-Sung နဲ့ မင်းသမီး Jung Ho-Yeon အစရှိတဲ့ ကိုးရီးယား ထိပ်တန်း မင်းသား၊ မင်းသမီးတွေအပြင် ဟောလိဝုဒ် နာမည်ကျော် အနုပညာရှင်များစွာကပါ ပါဝင်အားဖြည့်ပေးထားပါတယ်။ ဝေးလံခေါင်သီတဲ့ ရွာငယ်လေးတစ်ရွာရဲ့ လမ်းမအလယ်မှာ အစိမ်းလိုက် ကိုက်ဖြဲသတ်ဖြတ်ထားခံရတဲ့ နွားထီးတစ်ကောင်ရဲ့ အလောင်းကို စတင်တွေ့ရှိရာကနေ ဇာတ်လမ်းစထားပါတယ်။ စစ်ကူအင်အားစုကလည်း တောမီးငြှိမ်းသတ်ဖို့ ထွက်သွားကြပြီ။ ဆက်သွယ်ရေးလိုင်းတွေကလည်း ပြတ်တောက်လို့... ရွာထဲမှာ ကျန်ရစ်နေခဲ့သူတွေကလည်း အကုန်လုံး သက်ကြီးရွယ်အိုတွေသာ... ကျား ဒါမှမဟုတ် သတ္တဝါဆိုးတစ်ကောင်ရဲ့ လက်ချက်များလားဆိုပြီး စခန်းမှူး ဂိုဘုမ်းဆော့ (Hwang Jung-Min)၊ အမဲလိုက်မုဆိုး ဂိုဆောင်းဂီ (Zo In-Sung)၊ ရဲမေ အင်ဆောင်းအယ် (Jung Ho-Yeon) တို့က အဆိုပါ သတ္တဝါကြီးကို လိုက်လံဖမ်းဆီးဖို့အတွက် တောထဲ ဝင်သွားကြပါတော့တယ်။ ဒါပေမဲ့ သူတို့ ထင်ထားသလို သာမန် တောရိုင်းတိရစ္ဆာန်ရဲ့ လက်ချက်မဟုတ်ဘဲ တခြားကမ္ဘာက ဂြိုဟ်သားတစ်စုရဲ့ ကျူးကျော်မှုတစ်ခု ဖြစ်နေရာ.. အမဲလိုက်ဖို့ ကြိုးစားရာကနေ မထင်မှတ်ဘဲ သားကောင်နေရာ ရောက်သွားရတဲ့ သူတို့ ၃ ဦးက ရွာငယ်လေးကို ဘယ်လိုမျိုး အသက်နဲ့ရင်းပြီး ကာကွယ်သွားကြမလဲ... မသိနားမလည်မှုနဲ့ ပေါ့ဆမှုတို့ကနေ စတင်ခဲ့တဲ့ အမှားတစ်ခုဟာ စကြဝဠာနဲ့ချီတဲ့ ဘေးဒုက္ခဆိုးကြီးအဖြစ် ဘယ်လို အဆုံးသတ်သွားမလဲဆိုတာကို ရင်တမမနဲ့ ခံစားကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ File Size : 3.79GB/ 1.51GB Quality : AMZN WEB-DL 1080p 5.1CH/ 720p Format : mp4 Duration : 2hr 38m Genre : Action, Thriller, Mystery, Sci-Fi Subtitle : Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်