The Magic Faraway Tree (2026) ++++++++++++++ IMDb Rating (6.8) / Rotten Tomatoes (91%) ဒီကားလေးက ကလေးစာရေးဆရာမကြီး Enid Blyton ရဲ့ နာမည်ကျော်စာအုပ်ကို အသက်သွင်းရိုက်ကူးထားတဲ့ Fantasy Adventure ကားကောင်းလေးတစ်ကားပါ။ Rotten Tomatoes မှာ 91% အထိ ရထားပြီး မိသားစုနဲ့အတူတူ အပန်းဖြေကြည့်လို့ကောင်းတဲ့ ရုပ်ရှင်မျိုးပါ။ ဇာတ်လမ်းအကျဉ်း +++++++++++ ဇာတ်လမ်းက Thompson မိသားစုကို အဓိကထားရိုက်ကူးထားတာပါ။ အဖေဖြစ်သူ Tim (Andrew Garfield) နဲ့ အမေ Polly (Claire Foy) တို့က မြို့ပြမှာနေပြီး နည်းပညာတွေနဲ့ပဲ အချိန်ကုန်နေကြသူတွေပေါ့။ သူတို့ရဲ့ ကလေးသုံးယောက်ဖြစ်တဲ့ Beth, Joe နဲ့ အငယ်ဆုံးလေး Fran တို့ကလည်း ဖုန်းနဲ့ အင်တာနက်မရှိရင် မနေနိုင်တဲ့ ကလေးတွေပါ။ တစ်ရက်ကျတော့ Polly ရဲ့ ကုမ္ပဏီက ပြဿနာတစ်ခုကြောင့် သူ အလုပ်ထွက်လိုက်ရတယ်။ အဲဒီအချိန်မှာ Tim ကလည်း သူတို့ရဲ့ အိပ်မက်ဖြစ်တဲ့ နယ်ဘက်ကိုပြောင်းပြီး ခရမ်းချဉ်သီးဆော့စ် စီးပွားရေးလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒါနဲ့ သူတို့မိသားစု နယ်က ကျီအဟောင်းကြီးတစ်ခုကို ပြောင်းသွားကြတယ်။ လယ်သမားတွေက အိမ်ကို ပြင်ဆင်ဖို့ သူတို့ကို ၃ ပတ်လောက် အချိန်ပေးထားတယ်။ အဲဒီမှာက လျှပ်စစ်မီးလည်း မရှိ၊ အင်တာနက်လည်း မရတော့ ကလေးတွေအတွက် အခက်တွေ့တာပေါ့။ ဒါပေမဲ့ ခြံထဲမှာဆော့ရင်းနဲ့ စကားမပြောတဲ့ Fran လေးက Silky ဆိုတဲ့ နတ်သမီးလေးတစ်ပါးနဲ့ တွေ့ရာကနေ တစ်ခါမှ မမြင်ဖူးတဲ့ မှော်သစ်ပင်ကြီး (The Magic Faraway Tree) ကို သွားတွေ့ကြတယ်။ အဲဒီသစ်ပင်ကြီးပေါ်မှာ Moonface, Saucepan Man, Dame Washalot စတဲ့ ထူးဆန်းပြီး ချစ်စရာကောင်းတဲ့ သတ္တဝါတွေ နေထိုင်ကြပါတယ်။ အဲဒီသစ်ပင်ကြီးရဲ့ ထိပ်ဆုံးကနေတစ်ဆင့် နေ့တိုင်း မတူညီတဲ့ မှော်ကမ္ဘာတွေကို ရောက်သွားနိုင်တယ်။ ကလေးသုံးယောက်စလုံး The Land of Goodies (မုန့်တွေအများကြီးရှိတဲ့ကမ္ဘာ), The Land of Spells (ဂါထာမန္တန်ကမ္ဘာ) တွေကို ရောက်သွားပြီး စွန့်စားခန်းတွေ ဖွင့်ကြတာကို စိတ်ဝင်စားစရာ ကြည့်ရမှာပါ။ အခက်အခဲတွေ တွေ့လာတဲ့အခါ ဂါထာမန္တန်တွေ ရှာပြီး အဖေ့ရဲ့ စီးပွားရေးကို ကယ်တင်ဖို့ ကြိုးစားကြရင်း တဖြည်းဖြည်းနဲ့ ကလေးတွေက ဖုန်းတွေ၊ ဂိမ်းတွေကို မေ့လာပြီး သဘာဝတရားနဲ့ မိသားစုရဲ့ တန်ဖိုးကို နားလည်လာကြပုံကို ရိုက်ကူးထားတာပါ။ Andrew Garfield, Claire Foy, Rebecca Ferguson, Nicola Coughlan (Bridgerton ထဲက မင်းသမီး) တို့လို နာမည်ကြီး သရုပ်ဆောင်တွေ အများကြီး ပါဝင်ထားပါတယ်။ ရုပ်ထွက်ပိုင်း အရမ်းလှပြီး အရောင်အသွေး စုံလင်တယ်။ Paddington ဇာတ်ညွှန်းရေးဆရာ Simon Farnaby က ရေးထားတာဆိုတော့ ဟာသလေးတွေနဲ့ ချစ်စရာကောင်းအောင် တင်ဆက်ထားပါတယ်။ နည်းပညာတွေကြားထဲမှာ ပျောက်ဆုံးနေတဲ့ မိသားစုဆက်ဆံရေးကို ပြန်လည်တည်ဆောက်ပုံ၊ သဘာဝတရားကို ချစ်မြတ်နိုးဖို့ စတဲ့ မက်ဆေ့ချ်ကောင်းကောင်းလေးတွေ ပေးထားပါတယ်။ အရမ်းလေးနက်တဲ့ ဇာတ်လမ်းကြီး မဟုတ်ပေမဲ့ ပေါ့ပေါ့ပါးပါးနဲ့ စိတ်ကူးယဉ်ကမ္ဘာထဲကို ရောက်သွားသလို ခံစားရမယ့် ကားလေးမို့ သေချာပေါက် ကြည့်သင့်တဲ့ ရုပ်ရှင်ကားကောင်း တစ်ကားဖြစ်ပါတယ်။ File Size… (1.57GB) / (843MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 50m Genre ….Adventure , Family , Fantasy Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်