Finnegan's Foursome (2026) ++++++++++++++ ဂျက်ဖင်နီဂန် က လူငယ်ဘဝမှာတုန်းက ကျွမ်းကျင်တဲ့ ပရော်ဖက်ရှင်နယ် ဂေါက်ရိုက်အားကစားသမားတစ်ယောက်ပါ။ အသက်ကြီးလို့ အနားယူသွားတဲ့အခါမှာလည်း သားနှစ်ယောက်နဲ့ မြေးတွေနဲ့အတူ တစ်နှစ်တစ်ခါ ဖင်နီဂန်ဖလားပြိုင်ပွဲဆိုပြီး အပျော်တမ်း မိသားစုပြိုင်ပွဲ ကစားလေ့ရှိပါသေးတယ်။ ဒါပေမဲ့ အသက် ၈၀ ကျော်သွားတာတောင် ဂျက်ကို မိသားစုထဲက ဘယ်သူမှ မနိုင်ကြသေးပါဘူး။ ဂျက် ရဲ့ သားနှစ်ယောက်ထဲက သားငယ် ဖရက်ဒီကလည်း အရင်နှစ်က နိုင်ခါနီးမှ သူ့အဖေ အဖိုးကြီးရဲ့ စိတ်ဗျူဟာတွေကြောင့် ရှုံးသွားခဲ့ရလို့ စိတ်ထဲ တနုံ့နုံ့ နဲ့ မကျေမနပ်ဖြစ်နေပါတယ်။ ဒီလိုနဲ့ တစ်နှစ်တစ်ခါ လုပ်နေကျဖြစ်တဲ့ ဖင်နီဂန်ဖလားပွဲဆော့ဖို့ သားငယ် ဖရက်ဒီနဲ့ မြေး ဖရန်ကီ၊ သားကြီး တက်ဒီ နဲ့ ပထမဆုံးအကြိမ်ဝင်ပြိုင်မယ့် မြေးမလေးဖြစ်သူ မာရီ တို့ အဘိုးဂျက်ဖင်နီဂန်ရှိတဲ့ ခြံကျယ်ကြီးဆီကို ထွက်လာခဲ့ပါတော့တယ်။ မိသားစုကြားက ပြိုင်ပွဲဆိုပေမဲ့လည်း အနိုင်မခံ အရှုံးမပေးဘဲ ရသမျှ နည်းလမ်းကုန်သုံးပြီး ပြိုင်ကြတာမို့ ရယ်လည်းရယ်ရတဲ့အပြင် အိုင်ယာလန်က မြက်ခင်းပြင်ကျယ်ကြီးတွေနဲ့ ဂေါက်ကွင်းတွေ၊ ပင်လယ်ပြင်ကြီးရဲ့ ရှုခင်းတွေကလည်း ရင်သပ်ရှုမောစရာပါ။ File Size… (2.01GB) / (1.08GB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…2h 2m Genre ….Drama , Comedy Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်