Dilan 1997 (2026) အင်ဒိုနီးရှားရဲ့ လူကြိုက်အများဆုံးနဲံ့ ရုပ်ရှင် သမိုင်းမှာ အလွန်အောင်မြင်ခဲ့တဲ့ Dilan 1990, Dilan 1991 စတဲ့ ရုပ်ရှင်တွေရဲ့ အဆက်ဖြစ်ပြီး Dilan ရုပ်ရှင်စီးရီးရဲ့ နောက်ဆက်တွဲအဖြစ်... ၁၉၉၇ ခုနှစ် တက္ကသိုလ်ကျောင်းသား ဘဝနဲ့အင်ဒိုနီးရှားနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးကာလကို ရိုက်ကူးထားတဲ့Romance / Historical ရုပ်ရှင်ကားကြီး ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ၁၉၉၇ ခုနှစ် မတ်လမှာ ကျူးဘားနိုင်ငံကနေ အင်ဒိုနီးရှားနိုင်ငံဆီ ပြန်လည်ရောက်ရှိလာတဲ့ ITB တက္ကသိုလ်ကျောင်းသားလေး "ဒီလန်"ရဲ့ ဘဝအပြောင်းအလဲနဲ့ စတင်ထားတာပါ။ အဲ့ဒီအချိန်ဟာ အင်ဒိုနီးရှားနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး (Reformation) မတိုင်မီ နိုင်ငံရေး အခြေအနေတွေ အလွန် တင်းမာနေတဲ့ အချိန်လည်း ဖြစ်ပါတယ်။ တက္ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်တဲ့ ဒီလန်ဟာ ကျောင်းပညာရေး၊ လူငယ်ဘဝရဲ့ အချစ်ရေး၊ သံယောဇဉ်တွေကြားမှာ ရုန်းကန်လှုပ်ရှားရင်း... ခေတ်ပြိုင်နိုင်ငံရေး ရိုက်ခတ်မှုတွေကိုပါ ရင်ဆိုင်ရပါတော့တယ်။ အတိတ်က ဒဏ်ရာတွေ၊ အချစ်နဲ့ ယုံကြည်ချက်တွေကြားထဲမှာ ဒီလန်တစ်ယောက် ဘယ်လိုမျိုး ဘဝကို ဆက်လက် လျှောက်လှမ်းမလဲဆိုတာကို ကြည့်ရမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်
ဇာတ်ကားကြည့်ရန်