★ 10.0
ဇာတ်လမ်းတွဲ / 2026LEGO ONE PIECE
Neflix ကနေ အသစ်ထွက်ရှိလာတဲ့ Lego ရုပ်လေးတွေနဲ့ One Piece စီးရီးပဲ ဖြစ်ပါတယ်။ ဒီထဲမှာဆိုရင်တော့ One Piece LA ထဲက အူဆော့နဲ့ ချော်ပါတို့ ၂ ယောက်သား စကားပြောရင်း ဇာတ်ကြောင်းပြန်တာမျိုး ပြထားတာပါ။ တကယ်တမ်းကတော့ အူဆော့တစ်ယောက် ချော်ပါကို သူ့ဝသီအတိုင်း လေလုံးထွားပြီး လိုတာထက်ပိုပြီး ဇာတ်ကြောင်းပြန်နေတာမျိုးပါပဲ။ ဇာတ်လမ်းကတော့ ပြောရမယ်ဆိုရင် One Piece LA ကို အတိုချုံး Recap ပုံစံသဘောဖြစ်ပြီး Lego ထုံးစံအတိုင်း ဖောက်လုံး ပြက်လုံးလေးတွေနဲ့ ခွီနေရမှာမျိုး ဖြစ်ပါတယ်။ ဒီတော့ လူဖီ ဇောရိုး နာမီ ဆန်ဂျီ အူဆော့တို့ ပါဝင်ထားတဲ့ ကောက်ရိုးဦးထုပ်သားတွေကို Lego လေးတွေအဖြစ် တစ်ဖန် ပြန်လည်ခံစားလိုက်ကြပါဦးစို့...။
ဇာတ်ကားကြည့်ရန်