The Confession (2026) ++++++++++ ၂၀၂၅ ခုနှစ်မှာ ထွက်ရှိထားတဲ့ "The Confession" ရုပ်ရှင်ဟာ Horror နဲ့ Supernatural Thriller အမျိုးအစားကိုမှ မိသားစုနောက်ခံနဲ့ ရင်တထိတ်ထိတ်ကြည့်ရမယ့် ဇာတ်ကားမျိုးပါ။ ဒီကားထဲမှာ Naomi ဆိုတဲ့ အမျိုးသမီးက ပင်တိုင်ဇာတ်ဆောင်ပေါ့။ သူက ဂီတသမားတစ်ယောက်ဖြစ်ပြီး ခင်ပွန်းဖြစ်သူ ဆုံးပါးသွားပြီးနောက်မှာ သူ့ရဲ့ ငယ်ဘဝအိမ်ဟောင်းကြီးရှိတဲ့ တက္ကဆက်ပြည်နယ်က မြို့လေးကို သားဖြစ်သူ Dylan နဲ့အတူ ပြန်လာခဲ့တယ်။ အိမ်ဟောင်းကြီးကို ပြန်ရောက်တော့ Naomi က သူ့အဖေချန်ထားခဲ့တဲ့ အသံသွင်းတိပ်ခွေတစ်ခွေကို မတော်တဆ ရှာတွေ့သွားပါတယ်။ အဲ့ဒီတိပ်ခွေထဲမှာ သူ့အဖေက သူလူသတ်ခဲ့ပါတယ်ဆိုပြီး ဝန်ခံထားတဲ့အချက်တွေ ပါနေတာပါ။ ဒါပေမဲ့ ထူးဆန်းတာက အဖေဖြစ်သူက အဲဒီလူသတ်မှုကို ကျူးလွန်ခဲ့တာဟာ နတ်ဆိုးလို အင်အားစုတစ်ခုကနေ ကိုယ့်ကိုယ်ကိုကာကွယ်ဖို့အတွက် လုပ်ခဲ့ရတာလို့ ပြောထားပြန်ရော။ အဲဒီအချိန်ကစပြီး Naomi ရဲ့သားလေး Dylan က ထူးထူးဆန်းဆန်းတွေ ဖြစ်လာတော့တာပဲ။ ကလေးက အရင်လိုမဟုတ်တော့ဘဲ ကြောက်စရာကောင်းတဲ့ အပြုအမူတွေ လုပ်လာတယ်။ Naomi ကတော့ ဒါတွေအားလုံးဟာ အဖေဖြစ်သူရဲ့ ဝန်ခံချက်ထဲက နတ်ဆိုးနဲ့ ပတ်သက်နေတယ်ဆိုတာ ရိပ်မိသွားပြီး သားဖြစ်သူကို ကယ်ဖို့အတွက် အဲဒီလျှို့ဝှက်ချက်နောက်ကို လိုက်ပါတော့တယ်။ ဒီကားက ရှေးဟောင်းပုံပြင်တစ်ခုဖြစ်တဲ့ Pied Piper ရဲ့ အငွေ့အသက်ကို ခေတ်သစ် Horror ပုံစံနဲ့ ပြန်ဆန်းသစ်ထားတာပါ။ အစပိုင်းမှာတော့ ပုံမှန် Mystery လိုလိုနဲ့ နောက်ပိုင်းကျမှ Supernatural ဘက်ကို ကူးသွားပြီး တကယ့်ကို ကျောချမ်းစရာကောင်းတဲ့ အခန်းတွေ ပါလာပါတယ်။ ဒီကားရဲ့ အဆုံးသတ်ကတော့ ကြည့်နေတဲ့သူတွေကို ပါးစပ်အဟောင်းသား ဖြစ်သွားစေလောက်တဲ့အထိ Twist လေးတွေ ပါတယ်လို့ ဆိုကြပါတယ်။ ဒီကားက သာမန် သရဲကားတွေလို ခြောက်တာမျိုးထက် Psychological နဲ့ Mystery ကို ပိုအားပြုထားတာမို့လို့ သည်းထိတ်ရင်ဖို ကြိုက်တဲ့သူတွေအတွက်တော့ ကွက်တိပါပဲ။ File Size… (1.00GB) / (575MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 27m Genre … Horror Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်