Psycho Killer (2026) +++++++++ ဒီနေ့တော့ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလတုန်းက အသစ်ထွက်ထားတဲ့ "Psycho Killer" ရုပ်ရှင်ကားအသစ် တင်ပေးထားပါတယ်။ ဒီကားကို ဒါရိုက်တာ Gavin Polone က ရိုက်ကူးထားပြီး မင်းသမီး Georgina Campbell၊ မင်းသား James Preston Rogers နဲ့ ဝါရင့်သရုပ်ဆောင်ကြီး Malcolm McDowell တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းအကျဉ်း ++++++++++++ ဇာတ်လမ်းအစမှာ ကင်းဆက်စ် ပြည်နယ်က အဝေးပြေးလမ်းမ ရဲအရာရှိမလေး ဂျိန်း အာချာ ရဲ့ ခင်ပွန်းဖြစ်သူဟာ ရက်ရက်စက်စက် အ-တ်ခံလိုက်ရပါတယ်။ ဒါနဲ့ပဲ ဂျိန်း တစ်ယောက် သူမရဲ့ ခင်ပွန်းကို သတ်သွားတဲ့ လူ-တ်သမားကို လက်စားချေဖို့ ခရီးထွက်လာပါတော့တယ်။ ရှာရင်းဖွေရင်းနဲ့မှ သူမ သိလိုက်ရတာက အဲဒီ လူ-တ်သမား ဟာ သာမန်လူ-တ်သမား မဟုတ်ဘဲ နတ်ဆိုးကို ကိုးကွယ်တဲ့ ကွင်းဆက်လူ-တ်သမားကြီး ဖြစ်နေတာပါပဲ။ သူ့ရဲ့ ရည်ရွယ်ချက်က ငရဲပြည်ကို ခမ်းခမ်းနားနား ဝင်ရောက်နိုင်ဖို့အတွက် လူတွေကို အစုလိုက်အပြုံလိုက် -တ်ဖြတ်ဖို့ ကြံစည်နေတာပါ။ ဂျိန်း တစ်ယောက် ဒီကောင်ကြီးကို လက်မလျှော့ဘဲ အဆုံးထိ လိုက်လံဖမ်းဆီးပုံတွေကို သည်းထိတ်ရင်ဖို ရိုက်ကူးထားတာပါ။ "Se7en" လို နာမည်ကြီး ဇာတ်ကားကို ရေးခဲ့တဲ့ Andrew Kevin Walker က ဇာတ်ညွှန်းရေးထားပေမဲ့၊ Se7en လောက်တော့ မကောင်းပါဘူး။ ဒါပေမဲ့လည်း စိတ္တဇ လူ-တ်သမား ဇာတ်ကားတွေကို သဘောကျတဲ့သူတွေ၊ ပြီးတော့ Georgina Campbell ရဲ့ သရုပ်ဆောင်ချက်တွေကို အားပေးချင်တဲ့သူတွေအတွက်တော့ အားလပ်ချိန်မှာ အပျင်းပြေ ကြည့်ရှုလို့ရတဲ့ "Psycho Killer" ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ File Size… (1.00GB) / (601MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 36m Genre ….Crime , Drama , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်