အခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ January 2 ရက်နေ့မှပူပူနွေးနွေးထွက်ရှိထားတဲ့ Taking a Shot at Love ရုပ်ရှင်လေးပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကိုတော့ ဒီလိုလေးနဲ့အစပြုထားပါတယ် ရေခဲပြင်ဟော်ကီကစားသမားဖြစ်တဲ့ ရိုင်ယန်ကုဖ့်ပါဟာ ရေခဲပြင်ဟော်ကီမှာတော့ နာမည်ကြီးတဲ့အကျော်အမော်ကစားသမားတစ်ဦးပါ ရိုင်ယန်လိုအားကစားသမားတစ်ဦးအတွက် ထိခိုက်ဒဏ်ရာရတယ်ဆိုတာ တွေးတောင်မတွေးဝံ့တဲ့ အိပ်မက်ဆိုးတစ်ရပ်ပဲဖြစ်ပါတယ် ဒါပေမယ့်ကံကြမ္မာဟာ ရိုင်ယန်အပေါ်မျက်နှာသာမပေးခဲ့ပါဘူး တစ်နေ့ ရိုင်ယန်တစ်ယောက် ဟော်ကီကစားရင်း ခြေချင်းဝတ်ကိုထိခိုက်မိခဲ့ရာမှ သူအနှစ်သက်ဆုံးဟော်ကီကစားနည်းကိုလက်လွှတ်ရမလို ဖြစ်ခဲ့ရပါတယ် ဒီလိုနဲ့ခြေချင်းဝတ်ဒဏ်ရာရတဲ့ရိုင်ယန်တစ်ယောက် သူရဲ့ညီဝမ်းကွဲဖြစ်တဲ့တယ်ရီနဲ့ဆက်စပ်မိပြီး အေဗွန်မြို့မှ ဘဲလေးဆရာမဂျန်နာထံမှာ ခြေချင်းဝတ်ဒဏ်ရာကုသရန် အကြောင်းဖန်လာပါတော့တယ် ဂျန်နာဆိုသူမှာလည်း ရိုင်ယန်ကုဖ့်ပါလိုမျိုး ခြေချင်းဝတ်ဒဏ်ရာကြောင့် သူမရဲ့ပရော်ဖက်ရှင်နယ်ဘဲလေးကချေသည်ဘဝကို လက်လွှတ်ခဲ့ရသူပါ ဒါပေမယ့်သူမဟာ သူမတတ်ကျွမ်းတဲ့ဘဲလေးအကကိုသုံးပြီး ခြေချင်းဝတ်ဒဏ်ရာကို ပျောက်ကင်းအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ် ကုထုံးတွေအများကြီးရှိတဲ့အထဲမှာ ဘဲလေးအကကုထုံးကိုသုံးပြီး ကုသပေးတာဆိုတော့ အတော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ် ဒီလိုနဲ့ဂျန်နာတစ်ယောက် ဘဲလေးကုထုံးကိုသုံးပြီး ရိုင်ယန်ကိုဘယ်လိုတွေကုသပေးမလဲ..... နှစ်ဦးကြားမှာလည်း ဘယ်လိုသံယောဇဥ်ကြိုးလေးတွေ ရစ်နှောင်သွားမလဲဆိုတာတွေကို စောင့်မျှော်ကြည့်ရှုလိုက်ရအောင်ရှင် ရိုင်ယန်အနေနဲ့ မင်းသား Luke Macfarlaneကပါဝင်သရုပ်ဆောင်ထားပြီး မင်းသမီးချော Alexa Penavega က ဂျန်နာအဖြစ် ပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ် Rating အနေနဲ့ကလည်း 7.4/10ရရှိထားတော့ အားလုံးသဘောတွေ့မယ့် romantic movie လေးဖြစ်မယ်လို့ မျှော်လင့်မိပါတယ် အညွှန်းနှင့်ဘာသာပြန်ဆိုသူ Emily ဖြစ်ပါတယ် Translated and Reviewed by : Shwe Pwint Pyae Sone Encoded by : YK Quality: 1080p HDTV and 720p File Size : 1.5GB and 763MB Duration : 1h 24min Subtitles : Myanmar (Hardsub)
ဇာတ်ကားကြည့်ရန်