Tidings for the Season (2025) ခရစ္စမတ်ရာသီမှာ မိသားစုဒရာမာတွေကို ကြည့်ရတာနှစ်သက်တဲ့ CM ပရိသတ်များအတွက် ရင်ထဲလှိုက်လှိုက်လှဲလှဲနဲ့ နွေးနွေးထွေးထွေးဖြစ်သွားစေမယ့်ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ နိုဝင်ဘာလတုန်းကမှထွက်ရှိထားပေမယ့် IMDB 6.5 အထိရရှိထားတဲ့အပြင် ဇာတ်လမ်းနောက်ခံနဲ့ ဇာတ်အိမ်တည်ဆောက်တဲ့ပုံတွေက တကယ်ကိုသဘာဝကျတာဖြစ်လို့ တကယ်ကို recommend ပေးချင်တဲ့ ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ရော်ဘီဆိုတဲ့ ၁၀ နှစ်သားလေးတစ်ယောက်ဟာ သတင်းကြေညာရတာကိုအရမ်းနှစ်သက်တဲ့ မြူးကြွကြွ ပျော်ပျော်နေတတ်တဲ့ ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ သူဟာ အဒမ်ကိတ်ဆိုတဲ့ သတင်းကြေညာသူတစ်ယောက်ကို သဲသဲလှုပ်အားပေးတတ်တဲ့ အဒမ်ရဲ့ အမာခံပရိတ်သတ်တစ်ယောက်ဖြစ်ပါတယ်။ ဒီလိုနဲ့ ရော်ဘီလေးဟာ ကျောင်းကဆရာမကိုပါ သူတို့ကျောင်းရဲ့ ဒေသန္တာရခရီးကို အဒမ်လုပ်နေတဲ့ စတူဒီယိုကိုသွားဖို့အထိပါ တောင်းဆိုနိုင်ခဲ့ပါတယ်။ ရော်ဘီလေးဟာ ဒေသန္တရခရီးမှာ အဒမ်နဲ့ပါတွေ့ခွင့်ရတဲ့အပြင် သတင်းထုတ်လုပ်ရေးဒါရိုက်တာက ရော်ဘီ့ရဲ့စိတ်အားထက်သန်မှုကို တွေ့သွားတဲ့အတွက် ပိတ်ရက်အချိန်အခါမှာ ရော်ဘီ့ကို အဒမ့်ဆီမှာ တစ်ပတ်အလုပ်သင်သဘောမျိုးဆင်းဖို့ အခွင့်အရေးပေးလိုက်ပါတယ်။ တစ်ဖက်မှာလည်း ရော်ဘီလေးရဲ့အမေဖြစ်သူလူစီဟာလည်း မကြာခင်ကခင်ပွန်းနဲ့ကွာရှင်းထားပြီး သားနဲ့နှစ်ဦးတည်းရှေ့ဆက်နိုင်ဖို့ အလုပ်ကြိုးစားလုပ်ကိုင်နေသူလည်းဖြစ်ပါတယ်။ ဒီလိုနဲ့ ရော်ဘီလေးရဲ့ အိမ်မက် သူ့ရဲ့မြူးကြွကြွနဲ့ ဝမ်းမြောက်ဝမ်းသာရှိတတ်တဲ့စိတ်လေးဟာ သူ့အပြင် မိသားစုကိုပါ ဘယ်လိုအကျိုးဖြစ်လာစေလဲဆိုတာကို ဒီဇာတ်ကားထဲမှာ ရသအပြည့်နဲ့တွေ့ကြုံရမှာဖြစ်ပါတယ်။ File size… (1.6 GB) / (680 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:24:00 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်