Above the Line (2025) +++++++++ ဟောလိဝုဒ်မှာ အိပ်မက်တွေ အဖျက်ဆီးခံလိုက်ရတဲ့ နေရာအသီးသီးက အညတရ သရုပ်ဆောင်တွေနဲ့ ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့သား ၆ ယောက်ဆီကို တစ်ရက်မှာတော့ ထူးဆန်းတဲ့ ဖိတ်စာတစ်စောင် ရောက်လာခဲ့ပါတယ်။ အဲ့ဒါကတော့ သူတို့ကို ဒုက္ခပေးခဲ့တဲ့ အကျင့်ပျက် ပရိုဂျူဆာကြီး ဂျက်ဝုဒ်ရိုး (Jack Woodrow) ရဲ့ ဗီလာအိမ်ကြီးထဲကနေ သူ အသက်ထက်မြတ်နိုးတဲ့ အော်စကာဆု ၅ ဆုကို သွားခိုးပေးရင် တစ်ယောက်ကို ဒေါ်လာ ၁ သန်းစီ ပေးမယ် ဆိုတဲ့ လျှို့ဝှက်ဆန်းကြယ်သူတစ်ယောက်ရဲ့ ခိုင်းစေချက်ပါပဲ။ ဒီလိုနဲ့ ပေါင်းမိသွားတဲ့ လူမွဲတသိုက်ဟာ ဒေါ်လာသန်းချီရဖို့အရေး ဂျက်ရဲ့အိမ်ထဲ ဖောက်ထွင်းဝင်ရောက်ရင်း ကြုံတွေ့ရမယ့် လွဲချော်မှုတွေ၊ ဟာသတွေနဲ့ ရင်တထိတ်ထိတ်ကြည့်ရမယ့် Action-Comedy Heist ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ လူရွှင်တော်မင်းသားကြီး Cedric the Entertainer နဲ့အတူ သရုပ်ဆောင်ပေါင်းများစွာက ပေါ့ပေါ့ပါးပါးနဲ့ အသက်ဝင်အောင် သရုပ်ဆောင်ထားကြပြီး၊ ရိုက်ချက်တွေနဲ့ နောက်ခံတေးဂီတတွေကလည်း တကယ့်ကို လန်းပါတယ်။ ဟောလိဝုဒ်ရဲ့ ကွယ်ရာက အမှောင်ခြမ်းတွေကို ဟာသနှောပြီး ပဟေဠိဆန်ဆန် တင်ဆက်ထားလို့ ရုပ်ရှင်ချစ်သူတွေ လက်မလွတ်တမ်း ကြည့်သင့်တဲ့ ကားကောင်းလေးတစ်ကားဖြစ်ကြောင်း ညွှန်းဆိုပေးလိုက်ချင်ပါတယ်။ File Size… (1.04GB) / (615MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 30m Genre ….Action , Comedy , Drama , Crime Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်