လွန်ခဲ့တဲ့၇နှစ်က ကားဝပ်ရှော့တစ်ခုမှာဖြစ်ခဲ့တဲ့ လူသတ်မှုနဲ့ကားလုယက်မှုတွေဟာမြို့ကလေးကို တုန်လှုပ်စေခဲ့ပါတယ်။ အဲဒီရာဇဝတ်မှုတွေအားလုံးရဲ့နောက်ကွယ်မှာတော့ ကုမရနိုင်တဲ့ရောဂါဝေဒနာခံစားနေရတဲ့ သားဖြစ်တဲ့သူကိုကယ်တင်ဖို့အတွက် ဘဝကိုရာဇဝတ်မှုလမ်းကြောင်းမှာနစ်မြုပ်နေတဲ့ အဖေဖြစ်တဲ့သူ ကျန်းပင်းပဲဖြစ်ပါတယ် သူကသူ့ရဲ့မိန်းမနဲ့ ညီအစ်အကိုတွေနဲ့ ပေါင်းပြီး အပြန်လမ်းမဲ့တဲ့ သွေးစွန်းတဲ့ခရီးကိုလျှောက်ခဲ့ပါတယ်။မှုခင်းရဲအရာရှိဖြစ်တဲ့ ဝူရှောင်ကွမ်းက ဒီအမှုကို(၇)နှစ်ကြာသွားတဲ့ထိအောင် မမေ့နိုင်ပဲ သဲလွန်စတွေကို တစ်စိုက်မတ်မတ်ရှာဖွေနေခဲ့ပါတယ်။ တစ်ဖက်မှာလဲ လွန်ခဲ့တဲ့၇နှစ်ကသတ်ခံလိုက်ရတဲ့ ကားဝပ်ရှော့ပိုင်ရှင်ရဲ့ ညီဖြစ်သူ ကွမ်းချောင်ကလဲ သူ့အစ်ကိုသတ်ခံရတာကို မျက်မြင်ကြုံတွေ့ခဲ့ရပြီးနောက်မှာ သွေးကြွေးကိုသွေးနဲ့ပြန်ဆပ်ဖို့ နှစ်တွေကြာတဲ့အထိအောင် တိတ်တဆိတ်စုံစမ်းနေပါတယ် (၇)နှစ်ကြာတဲ့အခါမှာတော့ ကျန်းပင်းတို့အဖွဲ့ဟာ လူမဆန်တဲ့ပြစ်မှုတစ်ခုထပ်ကျူးလွန်လာပါတယ်။ လုပ်နည်းလုပ်ဟန်တွေက အရင်ပြစ်မှုတွေနဲ့ဆင်တူနေတာကြောင့် ရဲတွေကချက်ချင်းသတိထားမိသွားပြီးတော့ အမှုဟောင်းကိုပြန်ဖွင့်ပြီးစုံစမ်းစစ်ဆေးပါတော့တယ်။ အမှန်တရားနဲ့ မကောင်းမှုတို့ကြားကအားပြိုင်မှုက ပိုပိုပြင်းထန်လာပြီးတော့ ဘယ်သူကအနိုင်ရမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရမှာပဲဖြစ်ပါတယ် Filesize : 1.47 GB / 863 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Action , Crime Runtime : 1h 47 min Subtitle : Myanmar Subtitle ( Hardsub )
ဇာတ်ကားကြည့်ရန်