မင်မင်းဆက် ယုံလဲ့မင်းဆက်ကာလမှာ ကျီရှန်ဆိုတဲ့မြို့ငယ်လေးတစ်မြို့ရှိပါတယ်။အဲဒီမြို့ငယ်လေးမှာ ဆုန့်လိုင်ဆိုတဲ့ကောင်လေးတစ်ယောက်နေထိုင်ပြီး ငယ်ချစ်ဦးဖြစ်တဲ့ ချောင်အာ ဆိုတဲ့ ကောင်မလေးကိုကယ်တင်ဖို့ကြိုးစားရင်း အလွန်ရက်စက်တဲ့ဓားပြခေါင်းဆောင် ပါးလုံ ကို မတော်တဆစိန်ခေါ်မိသွားပါတယ်။ ဓားပြခေါင်းဆောင်ပါးလုံဟာ ကျီရှန်မြို့လေးကိုဆက်တိုက် စီးနင်းတိုက်ခိုက်ပြီး "၃လအတွင်း စပါးတင်းသောင်းချီမဆက်သရင် မြို့ငယ်လေးကိုသွေးချောင်းစီးအောင်လုပ်ပစ်မယ်" လို့ခြိမ်းခြောက်ပါတော့တယ်။ မြို့ငယ်လေးရဲ့သေရေးရှင်ရေး အကျပ်အတည်းကိုဖြေရှင်းဖို့အတွက် ဆုန့်လိုင်ဟာ လျှို့ဝှက်ဆန်းကြယ် မန္တာန်အတတ်တွေကိုကျွမ်းကျင်သူဖြစ်တဲ့ ဆရာကြီးယွမ်ကျိုကုန်းကိုလိုက်ရှာရပါတယ်။ ဒီလိုနဲ့ ဆရာကြီးယွမ်ကျိုကုန်းဆီမှာ တပည့်ခံရင်း အတတ်ပညာတွေကိုသင်ယူပြီး မြို့ငယ်လေးကိုကယ်တင်ဖို့ အစွမ်းကုန်ကြိုးစားပါတော့တယ်။ နောက်ဆုံးမှာတော့ ဆုန့်လိုင်ဟာ မြို့သူမြို့သားတွေကိုစုစည်းပြီး ဓားပြတွေကိုနှိမ်နင်းသွားကြမယ့် ဇာတ်လမ်းကိုဟာသတွေနှောပြီး တင်ဆက်ထားတာပဲဖြစ်ပါတယ်။ Filesize : 1.65 GB / 901 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Comedy, Fantasy, and Adventure Runtime : 1h 12 min Subtitle : Myanmar Subtitle ( Hardsub )
ဇာတ်ကားကြည့်ရန်