The Audacity (2026) Season 01 (Complete) IMDb Rating (5.1) / Rotten Tomatoes (75%) ဒီ Series ဇာတ်အိမ်တည်ထားတဲ့ နေရာကတော့ နည်းပညာအရတီထွင်နိုင်မှုတွေဆိုတာ အနာဂတ်ကို ပြောင်းလဲဖို့မဟုတ်ပဲ ထိန်းချုပ်ဖို့ဆိုတဲ့ အတွေးတွေနဲ့ လူချမ်းသာတစ်သိုက်နေတဲ့ ဆီလီကွန်တောင်ကြားဆိုတဲ့ နေရာပါ။ ဒန်ကန်က ထက်မြက်ပေမဲ့ မာနကြီးလွန်းတဲ့ စီးအီးအိုတစ်ယောက်ဖြစ်ပြီး သူ့ကုမ္ပဏီကို အင်အားကြီးကုမ္ပဏီတစ်ခုနဲ့ ပေါင်းစည်းရေးဆွေးနွေးနေချိန်မှာ အကွက်ရွှေ့မှားပြီး ရှယ်ယာထိုးကျတော့မယ့် အန္တရာယ်နဲ့ ကြုံနေရတဲ့သူပါ။ အားကိုးရာပျောက်နေတဲ့အချိန်မှာ သူ့စိတ်ရောဂါကုဆရာ၀န်ကို အကူအညီတောင်းပေမဲ့ မရတဲ့အခါ လူတွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ချနင်းတတ်တဲ့သူပီပီ နောက်ကြောင်းလိုက်ဖော်ရင်း သူ့ဆရာ၀န်ရဲ့ အားနည်းချက်ကို မိသွားပါတယ်။ အဲဒါကို ချုပ်ကိုင်ပြီး သူ့ကို ကူညီဖို့ ခိုင်းရင်းနဲ့ ပရော်ဖက်ရှင်နယ်ဆက်ဆံရေးတစ်ခုကနေ နှစ်ဖက်လုံးဘက်က စည်းတွေဘောင်တွေကို ရိုက်ဖျက်လာတဲ့ အန္တရာယ်များတဲ့ ဆက်ဆံရေးအသွင် ပြောင်းသွားပါတော့တယ်။ လက်ထဲမှာ လူတွေရဲ့ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို တစ်ခဏအတွင်း ရှာနိုင်တဲ့လက်နက်ရထားပေမဲ့ လူတွေကို ကူညီဖို့မသုံးပဲ တိုက်ခိုက်ဖို့သုံးချင်တဲ့ ဒန်ကန်နဲ့ သူ့ရဲ့ လူနာတွေဆီက အချက်အလက်တွေကို လျှို့ဝှက်မထားပဲ ချနင်းထားတဲ့ ကျင့်၀တ်မညီတဲ့ စိတ်ရောဂါဆရာ၀န်တို့နှစ်ယောက် ဘယ်လိုနှစ်ပါးသွားကြမလဲဆိုတာတော့ ကိုယ်တိုင်ပဲ ကြည့်လိုက်ကြပါ။ လက်နက်ရောင်းတဲ့သူတွေက သူတို့သားသမီးတွေကို မိုင်းနဲ့မဆော့ခိုင်းဘူးဆိုတဲ့ အတိုင်းပဲ နည်းပညာကို လက်နက်လိုအသုံးချ ချမ်းသာနေကြတဲ့ လူချမ်းသာတစ်အုပ်ကြားက လျှို့ဝှက်ချက်တွေ အငြီအဟောက်တွေတစ်ပုံကြီးပါမယ့် Series အသစ်စက်စက်လေးအပြင် 5/10 IMDb ရထားတာကြောင့် ကြည့်ပျော်ပါတယ်။ File size… (990 MB) / (550 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy,Drama Duration…. 01:06:31 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်