Gamer တွေအားလုံး ဆယ်စုနှစ်တစ်ခုကျော် စောင့်မျှော်ခဲ့ရတဲ့ GTA 6 ဟာဆိုရင် ဩဂုတ်လ (၂၇) ရက်နေ့ကပဲ "Extended Look" ဆိုပြီး မိနစ် (၃၀) စာ Gameplay အပြည့်အစုံကို Netflix နဲ့ Rockstar Games တို့ ပူးပေါင်းပြီး ချပြသွားခဲ့ပါပြီ။ အဲဒီနေ့က Netflix ကနေ လွှင့်တဲ့အချိန်မှာ Fan တွေရဲ့ အလုံးအရင်း ဝင်ကြည့်မှုကြောင့် Netflix Server ကြီးတောင် ခဏတာ Crash ဖြစ်သွားတဲ့အထိ Hype တွေ အရမ်းတက်ခဲ့ပါတယ်။ ဒီ Gameplay ဗီဒီယိုကို PS5 ကနေ တိုက်ရိုက် Record လုပ်ပြသွားတာဖြစ်ပြီး မြင်လိုက်ရတဲ့ ရုပ်ထွက်ကတော့ တကယ့်ကို ရူးခါသွားလောက်ပါတယ်။ Ray Traced Global Illumination နဲ့အတူ ဇာတ်ကောင်တွေရဲ့ မျက်နှာသွင်ပြင်၊ အရေပြား၊ ပြီးတော့ Red Dead Redemption 2 (RDR2) လိုပဲ ချွေးထွက်တဲ့ စနစ် (Dynamic sweat system) တွေအထိ အသေးစိတ် လုပ်ပေးထားပါတယ်။ အကြွေဆုံးအချက်ကတော့ NPC တွေရဲ့ လှုပ်ရှားမှုပါပဲ။ Vice City ကမ်းခြေမှာဆိုရင် လူရာနဲ့ချီရှိနေပြီး တစ်ယောက်ချင်းစီက သူတို့ဘာသာ သီးသန့် Animation တွေနဲ့ လှုပ်ရှားနေကြတာပါ။ လူအုပ်ကြီးရဲ့ တုံ့ပြန်မှု၊ ယာဉ်ကြောပိတ်ဆို့မှုတွေက အရင် ဂိမ်းတွေနဲ့ယှဉ်ရင် အဆပေါင်းများစွာ ပိုပြီး လက်တွေ့ဆန်နေပါတယ်။ ဇာတ်ကောင်တွေဟာ အစားအသောက်စားတာ၊ Gym ဆော့တာ၊ အိပ်ရေးဝ/မဝ တာတွေအပေါ် မူတည်ပြီး ခန္ဓာကိုယ် အချိုးအစားနဲ့ ရုပ်သွင်ပြင် ပြောင်းလဲသွားမှာပါ။ ဂိမ်းဟောင်းတွေတုန်းကလို လက်နက်မျိုးစုံကို အိတ်ကပ်ထဲ ကောက်ထည့်ထားလို့ မရတ
ဇာတ်ကားကြည့်ရန်