Blazing Fists (2025) // Blue Fight: The Breaking Down of Young Blue Warriors (2025) ကိုယ်ခံပညာရှင် မီကူရု အဆာကူရာရဲ့ ကိုယ်ရေးအတ္ထုပတ္တိဖြစ်တဲ့ Street Legend ကို အခြေခံ ရိုက်ကူးထားပြီး နာမည်ကြီး ဒါရိုက်တာ Takashi Miike ဖန်တီးထားတဲ့ ဂျပန်အက်ရှင်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။ သရုပ်ဆောင်တွေအနေနဲ့ Gackt, Wataru Ichinose နဲ့ Nobuaki Kaneko တို့ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရိုမာနဲ့ အီကူတိုတို့ လူငယ်နှစ်ယောက်က လူငယ်ထိန်းသိမ်းရေးစခန်းမှာ ပထမဆုံး ဆုံဖြစ်ခဲ့ကြပါတယ်…။ ဒီလိုနဲ့ တစ်ရက်မှာ သူတို့စခန်းကို MMA ဖိုက်တာတစ်ယောက်ဖြစ်တဲ့ မီကူရု အဆာကူရာက ရောက်ရှိလာခဲ့ပြီး စခန်းက ဆိုးသွမ်းတဲ့လူငယ်တွေကို စိတ်အားတက်ကြွစေတဲ့ ဟောပြောမှုတစ်ခု လုပ်ခဲ့တယ်။ အဲဒီအချိန်မှာ ရိုမာနဲ့ အီကူတိုတို့နှစ်ယောက်လည်း စိတ်ဓာတ်တက်ကြွလာပြီး ထိန်းသိမ်းရေးစခန်းက လွတ်တဲ့အခါမှာ မီကုရု လျှောက်လှမ်းခဲ့တဲ့လမ်းကြောင်းအတိုင်း လိုက်လျှောက်ဖို့အတွက် ဆုံးဖြတ်ခဲ့ပါတယ်။ ပြန်လွတ်လာတဲ့အခါမှာ Breaking Down ဆိုတဲ့ ကိုယ်ခံပညာပြိုင်ပွဲတစ်ခုမှာ ယှဉ်ပြိုင်ပြီး သူတို့အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့တဲ့အခါမှာတော့ .. ယှဉ်ပြိုင်မှုကြားမှာ သူတို့ရဲ့ အိပ်မက်တွေက မမျှော်လင့်ထားတဲ့ ပဋိပက္ခတွေအဖြစ် ဘယ်လိုပြောင်းလဲသွားမလဲဆိုတာကို ကြည့်ရှုခံစ
ဇာတ်ကားကြည့်ရန်