ဖရန်ကလင် ဟက်ချ် (Chris Tucker) ဆိုတဲ့ လျှာသွက်တဲ့ လူလိမ်လေးတစ်ယောက်က လော့စ်အိန်ဂျလိစ်မှာ လက်မှတ်အတုရောင်းရင်း ရုတ်တရက် ရဲတွေနဲ့ ပြဿနာတက်တယ်။ သူ့ကို ထောင်ဆီပို့တဲ့ ဘတ်စ်ကားပေါ်မှာ လူဆိုးကြီး ဒူဘွာ့စ်က ထွက်ပြေးတော့ ဖရန်ကလင်ပါ မတော်တဆ ထွက်ပြေးလွတ်သွားတယ်။ ဒါပေမယ့် ဒူဘွာ့စ်က ဖရန်ကလင်ကို “မင်းငါ့စိန်တွေကို ခိုးထားတယ်” ဆိုပြီး လိုက်ရှာနေတာ ဒီမှာ ဂျိမ်းစ် ရပ်ဆဲလ် (Charlie Sheen) ဆိုတဲ့ သတင်းထောက်တစ်ယောက်က ဖရန်ကလင်ကို သူ့သတင်းဇာတ်လမ်းအတွက် အသုံးချဖို့ ကူညီပေးရင်း သူငယ်ချင်းဖြစ်လာတယ်။ ဂျိမ်းစ်က သူ့ရည်းစားရဲ့ အဖေကို အထင်ကြီးအောင် လုပ်ဖို့ ကြိုးစားနေတုန်း၊ ဖရန်ကလင်ရဲ့ အလွဲတွေကြောင့် သူ့ဘဝပါ ရှုပ်ထွေးသွားတယ်။ ဒူဘွာစ်ရဲ့ လူဆိုးတွေ၊ ရဲတွေနဲ့ FBI က ဖရန်ကလင်နဲ့ ဂျိမ်းစ်ကို လိုက်ဖမ်းနေရင်း သူတို့နှစ်ယောက်ကလည်း စိန်တွေကို ရှာရင်း ရယ်စရာအခန်းတွေ ဖန်တီးထားတယ်။ တစ်ခါဆို ဖရန်ကလင်က လူဆိုးတွေကို လိမ်ဖို့ ကားလေလံပွဲမှာ အဆင့်မြင့်ကားတစ်စီးကို စမ်းမောင်းရင်း မတော်တဆ ကားပြခန်းတစ်ခုလုံး ဖျက်ဆီးမိသေးတယ် ဒီဇာတ်ကားက ၁ နာရီ ၃၅ မိနစ်လောက် ကြာပြီး New Line Cinema က ထုတ်ထားတယ်။ Chris Tucker ရဲ့ ဟာသနဲ့ Charlie Sheen ရဲ့သတင်းထောက်ဇာတ်ရုပ်က ဒီဇာတ်ကားကို ပေါ်လွင်စေတယ် စိတ်လှုပ်ရှားစရာ အက်ရှင်နဲ့ ဟာသ ပေါင်းစပ်ထားတဲ့ Money Talks က ကြည့်ရင်း ပျော်စရာကောင်းမယ့် 90s ဂန္ထဝင်ကားပါ မလွတ်တမ်း ကြည့်ကြည့်ပါဦး File size…(1.3 GB)
ဇာတ်ကားကြည့်ရန်