Kin (2018) အီလိုင်ဂျာဆိုတဲ့ကောင်လေးဟာ သူ့ရဲ့ပထွေးဖြစ်သူနဲ့ အတူနေထိုင်ပါတယ်။ မုန့်ဖိုးသိပ်မရတာကြောင့် သူ့ရဲ့ အသုံးအဆောင်ပစ္စည်းတွေဝယ်ဖို့အတွက် လူမနေတော့တဲ့ အိမ်အဟောင်းတွေဆီမှာ သံတိုသံစတွေကို ကောက်ပြီးတော့ ရောင်းစားလေ့ရှိပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ သံတိုသံစကောက်ဖို့အတွက် အဆောက်အဦးတစ်ခုထဲကို ရောက်သွားတဲ့အချိန်မှာ ထူးဆန်းတဲ့ဝတ်စုံတွေကို ဝတ်ဆင်ထားကြတဲ့ လူသေအလောင်းတွေကို တွေ့လိုက်ရပါတော့တယ်။ ညဘက်မှာ အဲဒီနေရာကိုပြန်သွားတော့ ဘာမှမရှိတော့ဘဲ ပစ္စည်းတစ်ခုကိုပဲတွေ့တာကြောင့် ကောက်ယူလာလိုက်ပါတော့တယ်။ အဲဒီအချိန်မှာ သူ့အဖေရဲ့သားအရင်းဖြစ်တဲ့ ဂျင်မီဟာ ထောင်ကနေထွက်လာပြီးတော့ အိမ်ကိုပြန်ရောက်လာပါတော့တယ်။ ဂျင်မီဟာ လူပဲပြန်ရောက်လာတာမဟုတ်ဘဲ ထောင်ထဲမှာပတ်သက်ခဲ့တဲ့ လူမိုက်တွေနဲ့အရှုပ်အရှင်းတွေကိုပါ အိမ်ကို သယ်ပြန်လာခဲ့တာပဲဖြစ်ပါတယ်။ ဒီလိုနဲ့ ထောင်ထွက်လူမိုက်တွေနဲ့ ပြဿနာဖြစ်ကြရင်း ထွက်ပြေးကြတဲ့အချိန်မှာ အီလိုင်ဂျာယူလာခဲ့တဲ့ ပစ္စည်းလေးကို မတော်တဆအသုံးပြုမိပြီး လွတ်မြောက်သွားကြပါတော့တယ်။ ဒါကြောင့် အဲဒီပစ္စည်းလေးက ဘယ်လိုအစွမ်းသတ္တိတွေရှိပြီးတော့ အီလိုင်ဂျာလက်ထဲကို ဘယ်လိုရောက်လာတာလဲဆိုတဲ့ဇာတ်ကြောင်းကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File Size - 1.86 GB/ 889 MB Quality - BluRay 1080p/ 720p Duration - 1h 42m Format - mp4 Genre - Action, Drama, Sci-Fi Subtitle - Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်