★ 5.0
ဇာတ်ကား / 2023Blossom
ကလဲရိစ် စပန်ဆာဟာ လွန်ခဲ့တဲ့ ခြောက်နှစ်က သားလေးဂျေဒန် ပြန်ပေးဆွဲခံရတဲ့ ဖြစ်ရပ်ကြောင့် စိတ်ဒဏ်ရာရနေသူပါ။ သားကို ပြန်ကယ်နိုင်ခဲ့ပေမယ့် သူ့အတွက်တော့ အဲဒီအဖြစ်ဆိုးက မပြီးဆုံးသေးဘူး။ အိပ်မက်ဆိုးတွေ ဆက်မက်နေပြီး စိတ်ကုထုံးခံယူနေရပါတယ်။ သူကိုယ်တိုင်လည်း စိတ်ကုထုံးပညာရှင်တစ်ယောက်ဖြစ်ပြီး အိမ်တွင်းအကြမ်းဖက်မှု ကြုံခဲ့ရတဲ့ အမျိုးသမီးတွေကို ကူညီပေးတဲ့ နားခိုရာဂေဟာမှာ အလုပ်လုပ်နေတယ်။ တစ်နေ့ ချယ်ရီဆိုတဲ့ မိန်းကလေး ဂေဟာကို ရုတ်တရက်ရောက်လာပြီးနောက် ကလဲရိစ်မိသားစုနဲ့ပါ ပတ်သက်လာဖို့ အကြောင်းဖန်လာပါတယ်။ ချယ်ရီ ဘာကြောင့် ဒီနေရာကို ရောက်လာသလဲ၊ သူတို့နှစ်ယောက်ကြားက ပတ်သက်မှု ဘယ်လိုဆက်ဖြစ်လာမလဲဆိုတာကို စိတ်ဒဏ်ရာနဲ့ အိမ်တွင်းအကြမ်းဖက်မှုအကြောင်းတွေကြားကနေ လိုက်ဖော်ထုတ်ရတဲ့ မှုခင်းသည်းထိတ်ရင်ဖိုဇာတ်ကားပါ။
ဇာတ်ကားကြည့်ရန်