Virupaksha
ရွာက ကလေးတွေကို ကျိန်စာတိုက်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လင်မယားနှစ်ယောက်ကို မီးရှို့တဲ့အဖြစ်ကနေ ဇာတ်လမ်းစပါတယ်။ မီးလောင်နေတဲ့အချိန်မှာ ဇနီးဖြစ်သူက နောက် ၁၂ နှစ်ကြာရင် ဒီရွာဟာ သုသာန်တစပြင် ဖြစ်ရမယ်လို့ ကျိန်စာတိုက်ခဲ့တယ်။ ၁၂ နှစ်အကြာ ရူဒရာဗန်နမ်ရွာမှာ ပွဲတော်ကျင်းပဖို့ ပြင်ဆင်နေကြချိန် ရွာသားတစ်ယောက် ထူးထူးဆန်းဆန်း သေဆုံးသွားပါတယ်။ အဲဒီနောက် ဘုန်းတော်ကြီးက ရွာကို ရှစ်ရက်ပိတ်ထားဖို့နဲ့ အပြင်ကလာသူအားလုံး တစ်ရက်အတွင်း ပြန်ထွက်ဖို့ စည်းကမ်းချမှတ်လိုက်တယ်။ အကြောင်းအမျိုးမျိုးနဲ့ စည်းကမ်းချိုးဖောက်ပြီး ထွက်သွားသူတွေလည်း ထူးဆန်းစွာ သေဆုံးကုန်ကြတယ်။ အဲဒီအချိန် ရွာကိုရောက်နေတဲ့ မြို့သားဆူရီယာကတော့ ရွာခံမိန်းကလေး နန်ဒီနီကို ချစ်မိနေပါတယ်။ ရွာကနေ ထွက်သွားခဲ့ပေမဲ့ နန်ဒီနီရဲ့ကျန်းမာရေးကြောင့် ပြန်ဝင်လာခဲ့တယ်။ လူတွေ သေဆုံးနေတဲ့ ဒီရွာရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေကို ဆူရီယာ ဘယ်လို အဖြေရှာမလဲဆိုတာ ဆက်ပြထားပါတယ်။ Samyuktha Menon အဓိက ပါဝင်သရုပ်ဆောင်ထားပြီး သွေးသံရဲရဲအခန်းတွေလည်း များပါတယ်။
ဇာတ်လမ်းအကြောင်း