ဇာတ်ကားများ ရွေးရန်

Morgan

2016ဇာတ်ကားအမှတ် 5.8/1092 မိနစ်

မော်ဂန်ဆိုတဲ့ကလေးမလေးဟာ လူသားမိဘများက မွေးဖွားလာတာမဟုတ်ဘဲ သိပ္ပံပညာရှင်တွေဖန်တီးထားတဲ့ မျိုးစပ်သက်ရှိလူသားအတုပဲဖြစ်ပါတယ်.. သူဟာသိပ္ပံပညာ​ရှင်တွေရဲ့သုံးကြိမ်မြောက်ဖန်တီးမှုဖြစ်ပြီး ရှေ့နှစ်ခေါက်ကအမှားတွေကို သင်ခန်းစာယူပြီးဖန်တီး ထားတာဖြစ်တဲ့အတွက် ဉာဏ်​ရည်ဉာဏ်သွေးကော ကြီးထွားမှုနှုန်းကောကသာမန်လူတွေထက်ကို သိသိသာသာ ကောင်းမွန်တဲ့သူတစ်ယောက်ပေါ့.. တစ်နေ့မှာ​တော့​မော်ဂန်လေးဟာ စိတ်ခံစားချက်ကိုမထိန်းချုပ်နိုင်ဘဲ သူ့ကိုဖန်းတီးခဲ့တဲ့ သူတွေထဲကတစ်ယောက်ကိုတိုက်ခိုက်လိုက်မိပါတယ် ဒါကြောင့်သူ့ကိုစစ်ဆေးဖို့ရုံးချုပ်ကလူနှစ်ယောက်ကို လွှတ်လိုက်ပါတော့တယ် မော်ဂန်လေးဆက်ပြီးအသက်ရှင်မလား အဆုံးသတ်ခံရမှာလားဆိုတာက အဲဒီလူနှစ်ယောက်ရဲ့ အစီအရင်ခံစာအပေါ်မူတည်နေပါတယ် ဆိုတော့​ အသက်5နှစ် အရွယ်ကလေးတစ်ယောက်ရဲ့ စိတ်ခံစားချက်ရှိပြီး တစ်ချိန်တည်းမှာပဲ အဲဒီအသက်နဲ့မလိုက်တဲ့ ဉာဏ်ရည်နဲ့ကိုယ်ခန္ဓာကိုပိုင်ဆိုင်ထားတဲ့ မော်ဂန်တစ်ယောက် ဘယ်လိုတွေအစစ်ခံရမလဲ.... အသက်ရှင်ခွင့်ရမလား​ အဆုံးသတ်ခံရမလားဆိုတာကိုတော့ ဆက်ပြီးတော့ကြည့်လိုက်ရအောင်ဗျာ......... File size…1.30GB / 611MB Quality…Blu-Ray 1080p   / 720p Format…mp4 Duration….1h 32m Genre ….. Action , Horror , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Mg Mg

ဇာတ်လမ်းအကြောင်း