ဇာတ်ကားများ ရွေးရန်

Bimbisara

2022ဇာတ်ကားအမှတ် 7.7/10146 မိနစ်

၅ ရာစုနှစ်လောက်မှာ အုပ်စိုးခဲ့တဲ့ ဗိမ္ဗိသာရဆိုတဲ့ ဧကရာဇ်တစ်ပါး ရှိပါတယ်။ ဩဇာကြီးသလောက် လိုချင်တပ်မက်မှုလည်း ကြီးပြီး ရက်စက်ကြမ်းကြုတ်တဲ့ မင်းပါ။ အနီးပတ်ဝန်းကျင်က ရှင်ဘုရင်တွေက သူကျူးကျော်လာမှာကို စိုးရိမ်နေကြရပြီး လက်ဆောင်တွေလည်း ဆက်သကြရတယ်။ အခန့်မသင့်ရင် ရှင်ဘုရင်တွေကိုတောင် မချန်ဘဲ သတ်ပစ်တတ်သူ ဖြစ်ပါတယ်။ အဲဒီမင်းဟာ တိုက်ခိုက်နေရင်း မတော်တဆနဲ့ သူနေတဲ့ ၅ ရာစုနှစ်ကနေ ၂၁ ရာစုနှစ်ကို ရောက်လာတယ်။ ဒီဘက်ခေတ်မှာလည်း သူ့ရဲ့ မကုန်နိုင်မခန်းနိုင်တဲ့ ရတနာသိုက်ကြီးကို လိုက်ရှာနေသူတွေ ရှိနေပါတယ်။ ကိုယ့်ရာစုနှစ်ကို ပြန်ဖို့ ကြိုးစားနေတဲ့ မင်းနဲ့ သူ့ရတနာသိုက်ကို လိုချင်နေသူတွေ ဆုံမိတဲ့အခါ ဘာတွေဖြစ်လာမလဲ။ ဗိမ္ဗိသာရအဖြစ် တေလဂူမင်းသား နန္ဒမူရီကလ်ယန်းရာမ် ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း