ဇာတ်ကားများ ရွေးရန်

The Great Actor

2016ဇာတ်ကားအမှတ် 6.7/10108 မိနစ်

The Great Actor (2016) 2016ခုနှစ်မှာ ထုတ်လွှင့်ပြသခဲ့ပြီး ဒါရိုက်တာ Seok Min Woo ရိုက်ကူးခဲ့တဲ့ The Great Actor ဇာတ်​ဆောင်​တွေအ​နေနဲ့ မင်းသားကြီး Oh Dal Su, Yoon Je Moon, Lee Geung Young တို့ အဓိက ပါဝင်သရုပ်​ဆောင်ထားကြပါတယ် ပြဇာတ်သရုပ်​ဆောင် Jang Sung pil (Oh Dal Su)က အနှစ်၂၀​ကျော်ကြာ ​ခွေးဇာတ်​ကောင်အ​နေနဲ့ပဲ သရုပ်​ဆောင်ခဲ့ရပါတယ် ဒါ​ပေမဲ့ သူ့အိပ်မက်က ​အရင်က အတူအလုပ်တွဲလုပ်ခဲ့တဲ့ စီနီယာ Sul Gang sik (Yoon Je moon)လိုမျိုး အောင်မြင်တဲ့ ရုပ်ရှင်သရုပ်​ဆောင်တစ်​ယောက်ဖြစ်လာဖို့ပါပဲ တစ်​နေ့မှာ ကိန်းဒါရိုက်တာ Park (Lee Geung Young)ရဲ့ ရုပ်ရှင်အတွက် လူ​ရွေးပွဲတစ်ခု ရှိလာပါတယ် တစ်ဖက်မှာ Jang Sung pilဟာ ဇွဲ​ကောင်း​ပေမဲ့ တာဝန်မ​ကျေတဲ့ ​အိမ်​ထောင်ဦးစီးအဖြစ် သတ်မှတ်ခံလာရ​တော့ ရလာတဲ့အခွင့်အ​ရေးကို အမိအရ ဆုပ်ကိုင်ပြီး လူ​ရွေးပွဲအောင်​အောင် နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားပါ​တော့တယ် ​ နောက်ဆုံး လူ​ရွေးပွဲ​အောင်ပြီး ရိုက်ကူး​ရေးစတဲ့အခါ အခက်အခဲအမျိုးမျိုးနဲ့ ကြုံ​တွေ့ခဲ့ပြီး အရှုံးမ​ပေးဘဲ ဆက်လက်ကြိုးစားခဲ့ပါတယ် ​ Jang Sung pilဟာ တကယ်ပဲ သူ့စီနီယာလိုမျိုး ​​အောင်မြင်တဲ့ သရုပ်​ဆောင်တစ်​ယောက် ဖြစ်လာနိုင်မလား သူဘယ်လိုအခက်အခဲ​တွေကြုံ​တွေ့ရမလဲဆိုတာ ဟာသ​နှော ရိုက်ကူးထားတဲ့ ရုပ်ရှင်ကား​ကောင်းတစ်ခုပဲ ဖြစ်ပါတယ် အညွှန်းကိုတော့ Stary မှ ရေးသားပေးထားပါတယ် File size…2.41GB / 841.3MB Quality…WEB-DL 1080p 720p Genres: Comedy, Drama Duration: 1 hr. 48 min Subtitle….Myanmar Subtitle (Hard Sub) Translated By Stary Encoded By Heather Oo

ဇာတ်လမ်းအကြောင်း