ဇာတ်ကားများ ရွေးရန်

The Offering

2022ဇာတ်ကားအမှတ် 6.0/1093 မိနစ်

ဘုရားသခင်က အီဘရာဟမ်ကို သားဖြစ်သူရဲ့အသက်နဲ့ ပူဇော်ခိုင်းတဲ့ သမ္မာကျမ်းစာထဲက အကြောင်းအရာကို ချိတ်ဆက်ထားတဲ့ ထိတ်လန့်စရာဇာတ်လမ်းပါ။ ဇာတ်လမ်းထဲမှာတော့ ကမ္ဘာဦးကတည်းက အမျိုးသမီးတွေကို ကိုယ်ဝန်ပျက်ကျစေပြီး ကလေးတွေကို စားသုံးတဲ့ နတ်ဆိုးမတစ်ယောက် ရှိခဲ့တယ်လို့ ဆိုထားပါတယ်။ အီဘရာဟမ်ကို ပူဇော်ခိုင်းခြင်းကနေ လူ့လောကအရေးမှာ ဝင်ရောက်စွက်ဖက်ဖို့ မျှခြေယူကာ ဘုရားသခင်က အဲဒီနတ်ဆိုးမကို ချိပ်ပိတ်ခဲ့တယ်ဆိုတဲ့ နောက်ခံနဲ့ ဇာတ်လမ်းကို ဆက်ထားတာပါ။ မျက်မှောက်ခေတ်မှာတော့ ဂမ္ဘီရဆရာတစ်ယောက်က သူ့ဇနီးကို အသက်ရှင်စေချင်တဲ့ဇောနဲ့ အဲဒီနတ်ဆိုးမကို မှားယွင်းဆင့်ခေါ်မိသွားတယ်။ ဒီလိုနဲ့ ရှေးပဝေသဏီကတည်းက ရှိနေခဲ့တဲ့ နတ်ဆိုးမ ပြန်ပေါ်လာတဲ့အခါ လူသားတွေ ဘယ်လိုတားဆီးကြမလဲဆိုတဲ့ အခြေအနေကို ရောက်လာပါတယ်။

ဇာတ်လမ်းအကြောင်း