Men of Plastic
ဒယ်ဂုက ဂန်းနမ်ရဲ့ ချမ်းသာတဲ့ရပ်ကွက် အာ့ဂူဂျောင်းမှာ မွေးဖွားကြီးပြင်းလာသူပါ။ ပလတ်စတစ်ဆာဂျရီဆေးရုံတွေနဲ့ အရေပြားအလှပြုပြင်ရေးဆေးရုံတွေ ပေါများတဲ့ ဆိုလ်းတောင်ပိုင်းမှာ သူလည်း ပလတ်စတစ်ဆာဂျရီလုပ်ငန်းတစ်ခု စလုပ်ချင်နေပါတယ်။ တစ်နေ့မှာ အရည်အချင်းရှိတဲ့ ခွဲစိတ်ဆရာဝန် ဘတ်ဂျီဝူနဲ့ တွေ့လာတယ်။ ဒါပေမယ့် သူနဲ့တွဲလုပ်ဖို့ စိတ်ကူးရတဲ့အချိန်မှာပဲ ဘတ်ဂျီဝူက ဆေးကုသခွင့်လိုင်စင် ရုတ်သိမ်းခံထားရသူ ဖြစ်နေပါတယ်။ ဒါတောင် နှစ်ယောက်သား ကိုယ့်အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ပူးပေါင်းပြီး အာ့ဂူဂျောင်းမှာ ပလတ်စတစ်ဆာဂျရီလုပ်ငန်းကို အကျိုးတူ လုပ်ကြပါတယ်။ သူတို့ရဲ့လုပ်ငန်းမှာ ဘယ်လိုအလွဲတွေ ကြုံလာမလဲ၊ အတုအယောင်တွေ လုပ်ဖို့ဖြစ်လာတဲ့အခါ ဘယ်လိုအန္တရာယ်တွေ ရင်ဆိုင်ရမလဲဆိုတာ ဆက်ကြည့်ရမှာပါ။ မာဒုန်ဆော့နဲ့ Hospital Playlist ထဲက ဂျောင်းဂယောင်းဟိုတို့ အဓိကပါဝင်ထားတဲ့ ဟာသဒရာမာဇာတ်ကား ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း